Connect with us

Africa & Middle East

လစ်ဗျားရေတပ်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၂၆၀ ဦး အား ကယ်ဆယ်

လစ်ဗျားရေတပ်က ကူညီကယ်ဆယ်လာသည့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ထရီပိုလီ၊ မေ ၁၄ ရက်(ဆင်ဟွာ)

လစ်ဗျားရေတပ်က လစ်ဗျားအနောက်ပင်လယ်တွင် မေလ ၁၃ ရက်က ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ရာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၂၆၀ ဦး အား ကယ်ဆယ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

လစ်ဗျားရေတပ် ကမ်းစပ်လုံခြုံရေးကင်းလှည့်အဖွဲ့ က Garrabulliမြို့ မြောက်ဘက် ၅၇ ကီလိုမီတာ အကွာရှိ ပင်လယ်ပြင်တွင် ရော်ဘာရေယာဉ်နှစ်စီးပေါ်မှ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၈၀ ဦး အား ကယ်ဆယ်ခဲ့ကြောင်း၊ ၎င်းတို့မှာ အာဖရိကတိုက်နှင့်အာရှတိုက်နိုင်ငံများမှ ရွှေ့ပြောင်းလာသူများ ဖြစ် ကြောင်း၊ ထို့အပြင်Zawiyaမြို့အနီးပင်လယ်ပြင်တွင် ရော်ဘာရေယာဉ်တစ်စီးပေါ်မှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ အာဖရိကနိုင်ငံသား အယောက် ၈၀ ကို ကယ်ဆယ်ခဲ့ကြောင်း ၊ ယခုအခါ ၎င်းတို့အား ထရီပိုလီနှင့်Zawiyaမြို့ရှိ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကူညီလက်ခံရေးစခန်းသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း လစ်ဗျား ရေတပ် ပြောရေးဆိုခွင့်ရှိ Ayob Qassem ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ်မှစပြီး လစ်ဗျား နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်ခဲ့ခြင်းကြောင့် အစိုးရက ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်နှင့် နယ်စပ်တစ်လျှောက်တွင် ထိရောက်သည့် စီမံခန့်ခွဲမှုများ မလုပ်ဆောင် နိုင်သောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် လစ်ဗျားမှတစ်ဆင့် မြေထဲပင်လယ်ကို ဖြတ် ကာ ဥရောပနိုင်ငံများသို့ သွားရောက်ကြခြင်းဖြစ်သည်။(Xinhua)