ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က နိုင်ငံရေးရည်မှန်ချက်များအတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။
ကဘူးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်အနီး၌ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ပြီးနောက် လူ ၂၆ ဦးကျော် သေဆုံးခဲ့ပြီး အခြားသူ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
မနီလာ၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ရှိ မင်ဒိုရိုပြည်နယ် Sablayan မြို့ ရှိ အဝေးပြေးလမ်းမတစ်ခု တွင် မတ် ၂၀ရက် ညပိုင်းက ဘတ်စ်ကားတစ်စီး ချောက်ထဲပြုတ်ကျခဲ့ရာ လူ ၁၉ဦးသေဆုံးပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဆိုးလ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက မတ်လ ၂၉ ရက်တွင် Panmunjom အပစ်အခတ်ရပ်စဲရေးကျေးရွာရှိ မြောက်ကိုရီးယားပိုင် အဆောက်အအုံတစ်ခုဖြစ်သော Tongilgak ၌ အဆင့်မြင့်ဆွေးနွေးပွဲများ ပြုလုပ်ရန် ယနေ့ (မတ်လ ၂၀ ရက်) ကမ်းလှမ်းလိုက်ကြောင်း သိရသည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Murmansk မြို့ ရှိ ငါးထပ်တိုက် အဆောက်အအုံတွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒမတ်စကပ်စ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ရှိ လူစည်ကားသော ဈေးတစ်ခု ၌ မတ် ၂၀ရက်တွင် သူပုန်များက ဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေသည် ၃၅ဦး အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သော မတ်လ ၁၈ ရက်တွင်ကျင်းပသည့် ရုရှားနိုင်ငံရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သူ သမ္မတဗလာတီမာပူတင် နှင့် သိပ်မကြာမီကာလတွင် တွေ့ဆုံဆွေးနွေးသွားရန် ဖြစ်နိုင်ချေ ရှိကြောင်း မတ်လ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မက္ကဆီကို စီးတီး၊ မတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရာဂိုမြို့လယ်ခေါင်တွင် ဆန္ဒပြသူရာပေါင်းများစွာ သည် “တံတိုင်းများအစား တံတားများ တည်ဆောက်ပေးပါ” ဟု ကြွေးကြော်ကာ မက္ကဆီကို နယ်စပ်သို့ အမေရိကန်သမ္မတအဖြစ် လာရောက်သည့် ဒေါ်နယ်ထရမ့် ၏ ပထမဆုံးခရီးစဉ်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ဟဲလ်ဆန်ကီး ၊ မတ် ၂၀ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၏ တရားဝင်မဟုတ်သော ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်(ဖင်လန်နိုင်ငံဒေသစံတော်ချိန်) ၌ စတင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဗလာဒီမာပူတင် (Vladimir Putin) ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား မတ်လ ၁၉ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။