Connect with us

North America

Facebook အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က အချက်အလက်ပေါက်ကြားမှုဖြစ်စဉ်တွင် အမှားအယွင်းရှိခဲ့ကြောင်း ဝန်ခံ

Facebook လူမှုကွန်ရက်စာမျက်နှာ၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်ခ် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က နိုင်ငံရေးရည်မှန်ချက်များအတွက် Facebook အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အလွဲသုံးစားပြုမှုများ ရှိခဲ့သည်ဆိုသည့် သတင်းပေါက်ကြားမှုတွင် ကုမ္ပဏီအနေဖြင့် အမှားအယွင်းပြုလုပ်ခဲ့မှုများ ရှိကြောင်း မတ်လ ၂၁ ရက်တွင် ဝန်ခံပြောကြားလိုက်သည်။

“ ကျွန်တော်တို့လည်း အမှားအယွင်းတွေ လုပ်ခဲ့မိပါတယ်။ အဲဒီအတွက် လုပ်စရာတွေ အများကြီးရှိတယ်။ ဒါတွေကို အကောင်အထည်ဖော်ဖို့လိုအပ်ပါတယ်” ဟု ၎င်း၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။၂ဝ၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်နိုင်ငံအချက်အလက်စိစစ်ခန့်ခွဲမှုကုမ္ပဏီတစ်ခုဖြစ်သည့် Cambridge Analytica တို့အကြား ချိတ်ဆက်ပြီး Facebook အသုံးပြုသူ သန်း ၅ဝ ကျော်၏ ကိုယ်ရေးအချက်အလက်များကို အလွဲသုံးစားပြုခဲ့ကြောင်း အမေရိကန် နှင့် ဗြိတိန်နိုင်ငံ အခြေစိုက် သတင်းမီဒီယာများက စွပ်စွဲ ရေးသားခဲ့ခြင်းအပေါ် Facebook က ဝန်ခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်ရပ်မျိုး နောက်ထပ်မပေါ်ပေါက်စေရန် Facebook အနေဖြင့် ကြိုတင်ကာကွယ်ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဇူကာဘတ်က ဆိုသည်။“ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သေသေချာချာနားလည်အောင် ကျွန်တော်တို့လုပ်ဆောင်နေပါတယ်။ အဲဒါမျိုးထပ်မဖြစ်အောင် သေသေချာချာ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ အချက်အလက်ပေါက်ကြားမှုသတင်းထွက်ပေါ်လာပြီးနောက် မတ်လ ၁၉ ရက်တွင် ကမ္ဘာ့အကြီးဆုံးလူမှုကွန်ရက်ကုမ္ပဏီအနေဖြင့် တစ်ရက်တာအတွက် စတော့ဈေးနှုန်း ၇ ရာခိုင်နှုန်းအထိ လေးနှစ်တာကာလအတွင်း အနိုမ့်ဆုံးအဆင့်တစ်ခုသို့ ကျဆင်းခဲ့ရသည်။အသုံးပြုသူများ အချက်အလက်ပေါက်ကြားမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန်အတွက် Facebook သည် ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေးကုမ္ပဏီ Stroz Friedberg အား ငှားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၁၉ ရက်တွင် ကြေညာခဲ့သည်။(Xinhua)