Connect with us

North America

အမေရိကန် အား ကမ္ဘာကြီးမှ အထီးကျန်စေသည့် အမေရိကန်-မက္ကဆီကို နယ်စပ်တံတိုင်း

မက္ကဆီကိုနိုင်ငံ Tijuana မြို့မှ ကလေးငယ်တစ်ဦး နယ်စပ်ခြံစည်းရိုးကို ဖြတ်ကျော်၍ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ရန် ကြိုးပမ်းစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး၊ မတ် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီရာဂိုမြို့လယ်ခေါင်တွင် ဆန္ဒပြသူရာပေါင်းများစွာ သည် “တံတိုင်းများအစား တံတားများ တည်ဆောက်ပေးပါ” ဟု ကြွေးကြော်ကာ မက္ကဆီကို နယ်စပ်သို့ အမေရိကန်သမ္မတအဖြစ် လာရောက်သည့် ဒေါ်နယ်ထရမ့် ၏ ပထမဆုံးခရီးစဉ်၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အခြားနိုင်ငံများတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး လုပ်ငန်းများအတွက် တံတားများ တည်ဆောက်နေကြ သော်လည်း ဆန့်ကျင်ဖက်အနေဖြင့် အမေရိကန်နိုင်ငံသည် နိုင်ငံအတွင်းသို့ ဒုက္ခသည်များ ဝင်ရောက်ခြင်းကို ကာကွယ်ရန် တံတိုင်းများကို တည်ဆောက်နေပြီး ကမ္ဘာကြီး နှင့် တဖြည်းဖြည်း ဝေးကွာလာကာ သီးသန့်အထီးကျန်လာခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် သည် မက္ကဆီကို နှင့် အမေရိကန် အား သီးခြားစီပိုင်းခြားထားမည့် တံတိုင်းကြီးများ တည်ဆောက်ရန် ဆန်ဒီရာဂိုမြို့သို့ လာရောက်၍ ၉မီတာအမြင့်ရှိသော တံတိုင်းပုံစံ ၈ခုကို စစ်ဆေးကြည့်ရှုခဲ့သည်။

ထရမ့်က “ဒီနေရာမှာ တံတိုင်းတွေသာ မရှိရင် နိုင်ငံဆိုတာလည်း ရှိတော့မှာမဟုတ်ပါဘူး” ဟု ပြောကြားကာ တံတိုင်းနှင့် ပတ်သက်၍ ၎င်း၏ လုပ်ဆောင်ချက်များအပေါ် ပြစ်တင်ဝေဖန်မှုများကို ပြန်လည်တုံ့ပြန်ခဲ့သည်။

ဒေါ်နယ်ထရမ့် သည် ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် တာဝန် စတင်ထမ်းဆောင်သည်နှင့် မက္ကဆီကို နှင့် ထိစပ်နေသော ကီလိုမီတာ ၃,၂၀၀ ရှည်လျားသည့် နယ်စပ်တစ်လျှောက်တွင် တံတိုင်း ချက်ချင်း တည်ဆောက် ရန် သမ္မတအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး ယခုအခါ လူ နှင့် မော်တော်ယာဉ်များ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် တံတိုင်းတည်ဆောက်မှု၏ သုံးပုံတစ်ပုံ ၌် ခြံစည်းရိုးများ ကာရံပြီးဖြစ်သည်။

တံတိုင်းအမျိုးအစားကြီး ၈ခု တည်ဆောက်ခြင်းကို ၂၀၁၇ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ပြီး တစ်ခုစီအတွက် အမေရိကန်ဒေါ်လာ ၂သန်း နှင့် ၄သန်းကြား ကုန်ကျခဲ့သည်။

ပညာရှင်များနှင့် လေ့လာစောင့်ကြည့်သူများအများစုက တံတိုင်းတည်ဆောက်မှုအား အစွန်းရောက်သော လုပ်ဆောင်ချက်အဖြစ် သံသယရှိနေသော်လည်း ယင်းလုပ်ဆောင်မှုများကို ကြည့်ရှုခြင်းဖြင့် တံတိုင်းတည်ဆောက်ခြင်း နှင့် မဲဆွယ်ပွဲကာလ ကတိတစ်ခု အပေါ် ထရမ့်သည် အမှန်တကယ် အလေးထားလုပ်ဆောင်နေကြောင်း သိရှိနိုင်သည်။

မက္ကဆီကို နယ်စပ်တစ်လျှောက် တံတိုင်းတစ်ခုတည်ဆောက်ခြင်းသည် ထရမ့်၏ ကနဦး မဲဆွယ်ကတိများအနက်တစ်ခု ဖြစ်ပြီး ၎င်း ကတိပေးထားသည့်အတိုင်း လုပ်သင့်သည့်အရာတစ်ခုကို လုပ်ဆောင်နေကြောင်း ပြသသည့်အနေဖြင့် ထရမ့်သည် ယင်းတံတိုင်းတည်ဆောက်မှုကို အချိန်များစွာ ရင်းနှီး၍ တွန်းတိုးကာဆောင်ရွက်နေခြင်းဖြစ်ကြောင်း Brookings ဉာဏ်ကြီးရှင်များအဖွဲ့ ဝါရင့်အဖွဲ့ဝင် တစ်ဦးဖြစ်သူ Darrell West ကပြောကြားခဲ့သည်။

တံတိုင်းတည်ဆောက်ခြင်းကို ထောက်ခံသူ တစ်ချို့ က ယခုအချိန်သည် အမေရိကန်နိုင်ငံ၏ ကိုယ်ပိုင်နယ်စပ်များကို ကာကွယ်ရန် အမြင့်ဆုံးအချိန်တစ်ခုဖြစ်ကြောင်း အားပေးတိုက်တွန်းခဲ့ကြသည်။

အမေရိကန်နိုင်ငံ၏ နယ်စပ်လုံခြုံရေး အခြေခံအဆောက်အအုံများအား အဆင့်မြှင့်တင်ခြင်းသည် အချိန်များစွာ နှောင့်နှေးကြန့်ကြာနေခဲ့ပြီး အမေရိကန်သမ္မတ က ယင်းအား ပြောင်းလဲရန် ကတိပေးခဲ့ကြောင်း လက်တင်အမေရိကမူဝါဒရေးရာ လေ့လာသူ Ana Quintana ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်သူများ နှင့် ဆက်စပ်နေသောခြိမ်းခြောက်မှုများ တစ်စတစ်စ တိုးပွားလာပြီး သမ္မတ ထရမ့် က ယင်း ခြိမ်းခြောက်မှုများကို တုံ့ပြန်ဆောင်ရွက်ရန် ၎င်း၏ တာဝန်ကို ရိုးရှင်းစွာ ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း Quintana ကပြောကြားခဲ့သည်။

ထရမ့်သည် ၎င်း၏ မဲဆွယ်ပွဲအတွင်း မုဒိန်းကောင်များ၊ ရာဇဝတ်ကောင်များ နှင့် မူးယစ်မှောင်ခိုသမားများ၏ ရန်မှ ကာကွယ်ရန် တံတိုင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း မဲဆွယ်ဟောပြောခဲ့သော်လည်း လက်တွေ့တွင် ရွှေ့ပြောင်းဒုက္ခသည်အများစုမှာ ရိုးသားစွာ အလုပ်လာရှာသူများသာဖြစ်ကြသည်။

မက္ကဆီကို နိုင်ငံ Tijuana မြို့မှ ဒေသခံ တက္ကစီကားမောင်းသူ Manuel Cruz က Tijuana မြို့တွင် အလုပ်သမားတစ်ဦးသည် တစ်ရက်လျှင် ၆ဒေါ်လာသာ ရရှိနိုင်ပြီး ဆန်ဒီရာဂိုမြို့ရှိ ပန်းဥယျာဉ်များ၊ သင်္ဘောကျင်း ထိန်းသိမ်းရေးများ၊ အိမ်အကူများ (သို့) ဟိုတယ်ဝန်ထမ်းများအဖြစ် အလုပ်လုပ်နိုင်ပါက တစ်နာရီ လုပ်ခ ၂ဆရရှိမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆန်ဒီရာဂိုမြို့နေတစ်ဦးက “သမ္မတပြောသလို မက္ကဆီကိုတွေဟာ အမေရိကန်တွေရဲ့ လုပ်ငန်းတွေကို လုယူသွားမှာမဟုတ်ပါဘူး။ အမေရိကန်တွေ မလုပ်ချင်တဲ့ အလုပ်တွေကိုသာ လုပ်ကိုင်ပေးနေတာပါ” ဟု ထရမ့်၏ ထင်မြင်ချက်ကို ချေပပြောဆိုခဲ့သည်။

မက္ကဆီကိုနိုင်ငံ National Autonomous တက္ကသိုလ်၏ သမိုင်းသုတေသီဋ္ဌာန မှ ပရောဖက်ဆာတစ်ဦးဖြစ်သူ Silvestre Villegas Revueltas က ထရမ့်၏ နယ်စပ်တံတိုင်းတည်ဆောက်မှုသည် အမေရိကန်နိုင်ငံအတွင်း ကိုယ်ကျိုးစီးပွားကာကွယ်မှုကို မြှင့်တင်ခြင်း သင်္ကေတပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံသည် အမေရိကန်နိုင်ငံ ၏ တတိယမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ပို့ကုန် ၈၀ရာခိုင်နှုန်းသည် အမေရိကန်ဈေးကွက်သို့ စီးဝင်လျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကဖော်ပြခဲ့သည်။

Revueltas က ထရန်၏ ကိုယ်ကျိုးစီးပွားကာကွယ်မှုသည် မက္ကဆီကို နှင့် အမေရိကန် ပေါင်းစပ်စီးပွားရေးမှ အကျိုးအမြတ်ရရှိနေသည့် အမေရိကန်၏ စီးပွားရေးဖြစ်ထွန်းမှု ကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက္ကဆီကိုလူမျိုးများ အများဆုံးနေထိုင်လျက်ရှိသော အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် သည် ရွှေ့ပြောင်း ဒုက္ခသည်များ နှင့် ကမ္ဘာတစ်ဝန်းမှ တီထွင်ဆန်းသစ်သူများကို ကြိုဆိုနေသည့်အတွက် သာယာဝပြောမှုရှိကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Jerry Brown ကပြောကြားခဲ့သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသည် နယ်စပ်တံခါးများကို ဖွင့်လှစ်သော မူဝါဒဖြစ်သည့် ဂလိုဘယ်လိုက်ဇေးရှင်း ကိုဆန့်ကျင်၍ အမျိုးသားရေးမူဝါဒတစ်ခုအား ကိုယ်ကျိုးစီးပွားကာကွယ်ရန် အဆိုပြုနေခြင်းသည် အံသြဖွယ်ကောင်းကြောင်း ပီရူးနိုင်ငံ လူမှုဗေဒပညာရှင်များ ကောလိပ် ညွှန်ကြားရေးမှူး Eduardo Arroyo Laguna ကပြောကြားခဲ့သည်။

တံတိုင်းတည်ဆောက်မှုဆိုင်ရာ စိုးရိမ်မှုတစ်ခုမှာ ကြီးမားသော ကုန်ကျစရိတ်ဖြစ်ပြီး ထရမ့် အစိုးရသည် နောက် ၁၀နှစ် အတွင်း ၅၀၉ကီလိုမီတာ ၌် အတားအဆီးအကာအရံသစ်များ တည်ဆောက်ပြီး ၆၅၅ကီလိုမီတာ တစ်လျှောက်ရှိ ခြံစည်းရိုးဟောင်းများကို အစားထိုးရန် အမေရိကန်ဒေါ်လာ ၁၈ဘီလီယံ ကို ရှာဖွေနေပြီး ယင်းစီမံကိန်း နှင့်ပတ်သက်၍ လွှတ်တော်မှ ရန်ပုံငွေရရှိရန် ရှင်းလင်းသော အတည်ပြုချက် ရရှိခြင်းမရှိသေးချေ။

ထရမ့်က တံတိုင်းတည်ဆောက်မှု အစီအစဉ်အတွက် မက္ကဆီကို နိုင်ငံမှ ငွေကြေးထောက်ပံ့ရမည်ဖြစ်ကြောင်း ခိုင်မာစွာပြောကြားခဲ့သော်လည်း ယင်းတောင်းဆိုမှုအား မက္ကဆီကို ဘက်မှ ငြင်းပယ်လိုက်ပြီးနောက်ပိုင်း ၂နိုင်ငံ ဆက်ဆံရေး အေးစက်ခဲ့သည်။

တံတိုင်းတည်ဆောက်မှု ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာနိုင်သည် ဟူသော စိုးရိမ်ပူပန်မှုများကလည်း ရှိနေသေးသည်။

လူ့အခွင့်အရေး နှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် John Knox က တံတိုင်းအတားအဆီးများသည် ဒေသတွင်းမျိုးစိတ်များ၏ လှုပ်ရှားသွားလာမှု နှင့် အသက်ရှင်နေထိုင်မှုကို နှောင့်ယှက်နိုင်သောကြောင့် မဆောက်လုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

လူအများစုက တံတိုင်းတည်ဆောက်မည့် အစီအစဉ်အစား နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ တိုးချဲ့ခြင်း၊ စောင့်ကြည့်ကင်မရာများ နှင့် အာရုံခံစနစ်များ တပ်ဆင်ခြင်း က ပိုမိုထိရောက်မှုရှိနိုင်ကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

ထရမ့်၏ တံတိုင်းတည်ဆောက်မှု အစီအစဉ် အပေါ် သံသယ အမြင်များစွာ ထွက်ပေါ်လျက်ရှိပြီး ကုန်ကျစရိတ်အလွန်များပြားသော တံတိုင်းတည်ဆောက်မှုသည် ရွှေ့ပြောင်းဒုက္ခသည်များအား တားဆီးမည့် ဦးတည်ချက်ထက် ၎င်းတို့အား ပိုမိုအန္တရာယ်များပြားသည့် လမ်းကြောင်းများမှ အမေရိကန်နိုင်ငံ အတွင်းသို့ဝင်ရောက်ရန် ဖိအားပေးသကဲ့သို့ ဖြစ်စေမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117