မနီလာ ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် အစိုးရ အား ပုန်ကန်နေသည့် လက်နက်ကိုင် တပ်ဖွဲ့ တို့ ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းအချိန်တွင် နိုင်ငံတောင်ပိုင်း Maguindanao ပြည်နယ်တွင် တိုက်ပွဲ ဖြစ်ပွား...
ရီယာ့ဒ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ ရှိ ဘုရင့်နန်းတော်ရှေ့တွင် ဆန္ဒပြမှု နှင့် ထွက်ခွာရန် ငြင်းဆန်ခဲ့မှုတို့ဖြင့် ဆော်ဒီမင်းသား ၁၁ဦးကို ဆော်ဒီရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း သတင်းရင်းမြစ်များက Sabq ပြည်တွင်း အွန်လိုင်းသတင်းဋ္ဌာနသို့ ဇန်နဝါရီ ၆ ရက်တွင်အတည်ပြုပြောကြားခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့လှည့်ခရီးသွားတစ်ဦးသေဆုံးပြီး ၁၅ဦးဒဏ်ရာရရှိခဲ့သည့် တောင်ပိုင်းမြို့ တစ်မြို့ဖြစ်သော Luxor မြို့ မှ မိုးပျံပူဖောင်းပျက်ကျမှု အတွက် တာဝန်ရှိသူ ၄ဦးကို ဖမ်းဆီးရန် အီဂျစ်နိုင်ငံ တရားစီရင်ရေးက ဇန်နဝါရီ ၆ရက်တွင် ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် MENA သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
တီဟီရန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အနောက်ပိုင်း ကာမန်ရှာ့ပြည်နယ် ရှိ ဆာပေါ်ဇာဟက်မြို့၌ ဇန်နဝါရီ ၆ရက် ဒေသစံတော်ချိန် ၁၈း၅၂နာရီတွင် အင်အား ၅.၁ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံးလူ ၂၁ဦးဒဏ်ရာရရှိခဲ့ကြောင်း Tasnim သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
ဟနွိုင်း ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) ဇန်နဝါရီလ ၆ ရက် ညပိုင်းက ကျင်းပပြုလုပ်ခဲ့သော ၂ဝ၁၇ ခုနှစ် ဗီယက်နမ်အလှမယ် (Miss Universe Vietnam 2017) ရွေးပွဲတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Dak Lak ပြည်နယ်မှ အသက် ၂၅ နှစ်အရွယ် Ede...
တိုရန်းတို၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ တိုရန်းတို ပီယာဆန်လေဆိပ် တွင် ဇန်နဝါရီ ၅ရက် ညပိုင်းက လေယာဉ် ၂စင်းတိုက်မိခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ပြည်တွင်းရုပ်သံလိုင်းတစ်ခုက ဖော်ပြခဲ့သည်။
ကူဝိတ်စီးတီး၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) ကူဝိတ်နိုင်ငံ ဂျာဘားအယ်အာမက် နိုင်ငံတကာအားကစားရုံ၌ ဇန်နဝါရီ ၅ရက်နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ၂၃ကြိမ်မြောက် အာရေးဗီယန်ပင်လယ်ကွေ့ဖလား ဗိုလ်လုပွဲစဉ် တွင် စည်းရိုးတစ်ခု ပြိုကျမှုကြောင့် အိုမန်ဘောလုံးအသင်းပရိသတ် ၄၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗျူနိုစ်အဲရစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလိုစ့်တိဖက်ဇ်သည် ယခင်ကလပ်အသင်းဟောင်း ဘိုကာဂျူနီယာ(Boca Juniors) အသင်း၌ ပါဝင်ကစားခွင့်ရရန် လက်ရှိကစားနေသော တရုတ်နိုင်ငံ ရှန်ဟိုင်းရှန်ဝှာ(Shanghai Shenhua) အသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
နယူးဒေလီ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒက်( Uttar Pradesh) ပြည်နယ်၌ အအေးလှိုင်းဖြတ်မှုကြောင့် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းရိုးတမ်း Seattle မြို့ပြင်၌ နေထိုင်သော အမျိုးသားတစ်ဦးကို ၂ဝ၁၆ ခုနှစ်အတွင်း ၎င်း၏ ချစ်သူရည်းစား အမျိုးသမီးအား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်လိုက်ကြောင်း ဒေသတွင်းမီဒီယာက ဇန်နဝါရီ ၅ ရက်တွင် ဖော်ပြခဲ့သည်။