Connect with us

Africa & Middle East

ပင်လယ်ကွေ့ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် စည်းရိုးတစ်ခု ပြိုကျမှုကြောင့် ပရိသတ်၄၀ဦး ဒဏ်ရာရရှိ

ပင်လယ်ကွေ့ ဘောလုံးပွဲတွင် စည်းရိုးပြိုကျမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကူဝိတ်စီးတီး၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ကူဝိတ်နိုင်ငံ ဂျာဘားအယ်အာမက် နိုင်ငံတကာအားကစားရုံ၌ ဇန်နဝါရီ ၅ရက်နှောင်းပိုင်းတွင် ပြုလုပ်ခဲ့သည့် ၂၃ကြိမ်မြောက် အာရေးဗီယန်ပင်လယ်ကွေ့ဖလား ဗိုလ်လုပွဲစဉ် တွင် စည်းရိုးတစ်ခု ပြိုကျမှုကြောင့် အိုမန်ဘောလုံးအသင်းပရိသတ် ၄၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကူဝိတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် အစိုးရဝန်ကြီးရေးရာဋ္ဌာန ဝန်ကြီး လည်းဖြစ်သူ ချန်ပီယံရှစ်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ Anas Al-Saleh က လူ ၄၀ဦးခန့် အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အား ဆေးရုံ ၃ခုသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

ပင်လယ်ကွေ့ဖလား ချန်ပီယံရှစ် ပွဲစဉ်တွင် အိုမန်အသင်းအနိုင်ရရှိမှုအပေါ် အိုမန်ပရိသတ်များက အလွန်အကြူးအားပေးခဲ့၍ ယင်းမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အိုမန်အသင်းသည် ဇန်နဝါရီ ၅ရက်တွင်ကျင်းပသော ၂၃ကြိမ်မြောက် အာရေးဗီယန်ပင်လယ်ကွေ့ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ယူအေအီးအသင်းအား ပယ်နယ်တီ အဆုံးအဖြတ် ၅ဂိုး၄ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)