Connect with us

Asia

အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ အအေးလှိုင်းဖြတ်၍ လူ ၄ ဦးသေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ အအေးလှိုင်းဒဏ်ခံစားနေရသော မိသားစုတစ်ခုအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း အူထရာပရာဒက်( Uttar Pradesh) ပြည်နယ်၌ အအေးလှိုင်းဖြတ်မှုကြောင့် လူ ၄ ဦးသေဆုံးသွားခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၅ ရက်တွင်ပြောကြားခဲ့သည်။

“ သေဆုံးသူအားလုံးဟာ အူထရာပရာဒက်ပြည်နယ်ထဲက Muzaffarnagar နဲ့ Shamli ခရိုင်တွေမှာ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်း သေဆုံးသွားခဲ့ကြတာပါ။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်အချို့မှာ ဇန်နဝါရီ၄ ရက် ညပိုင်းကနေ ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းအထိ အပူချိန်ဟာ စံချိန်တင်နိုမ့်ကျခဲ့ပြီး ၃.၄ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းခဲ့ပါတယ် ” ဟု တာဝန်ရှိသူများက ဆိုသည်။

Muzaffarnagar ခရိုင်၌ နေထိုင်သည့် အသက် ၇ဝ နှစ်အရွယ် အဖိုအိုးတစ်ဦးသည် အအေးလွန်ကဲမှုကြောင့် Miranpur မြို့တွင် သေဆုံးခဲ့ရပြီး အသက် ၄ဝ နှစ်အရွယ်အမျိုးသားတစ်ဦးမှာလည်း အအေးဒဏ်ကြောင့် Jansata မြို့၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။ အသက် ၅ဝ နှစ်အရွယ် နေ့စားအလုပ်သမားတစ်ဦးမှာလည်း Muzaffarnagar ခရိုင် Biharighar ကျေးရွာ၌ သေဆုံးသွားခဲ့ ကြောင်း တာဝန်ရှိသူများက ဆက်လက်ပြောကြားခဲ့သည်။

အလားတူပင် အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ Shamli ရထားဘူတာရုံ အနီး၌ သေဆုံးခဲ့သည်။ “ သေဆုံးသူအားလုံးရဲ့ ရုပ်အလောင်းတွေကို ခရိုင် ရင်ခွဲရုံတွေဆီကို အသီးသီးပို့ဆောင်ထားပါတယ်” ဟု အရာရှိတစ်ဦးက ဆိုသည်။မြို့တော် နယူးဒေလီအပါအဝင် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ နေရာအနှံ့အပြားတွင် အအေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်က နေ့စဉ် နံနက်တိုင်းတွင် စောင်ထူများကို ခြုံ၍ နေထိုင်ကြရကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117