ဟောင်ကောင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Cipatujah မြို့ အရှေ့တောင်၏ အရှေ့ဘက် တွင် အင်အား ၆.၅ ပမာဏရှိသည့် ငလျင်ပြင်းတစ်ခု လှုပ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ က ၎င်း၏ သားဖြစ်သူ ရာဟူဂန္ဒီထံ ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်များလွှဲပြောင်းပေးပြီးနောက် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့ရှိ တရားရုံးတစ်ခုက ဒီဇင်ဘာလ ၁၅ ရက်တွင် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနဝန်ကြီး(ဟောင်း) Alexei Ulyukayev အား အကျင့်ပျက်ခြစားမှု ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ၈ နှစ် နှင့် ငွေဒဏ် ရုရှား ရူဘယ် သန်း ၁၃ဝ...
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံးပိတ်ရည်မှန်းချက်ပန်းတိုင်မှာ “ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို အလုံးစုံ ကတိကဝတ်ပြု၍ အပြောင်းအလဲမရှိ စွန့်လွှတ်ရန်သာဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။
ဘာလင်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၄ရက် ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပါရီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း တွင် ဒီဇင်ဘာ ၁၄ ရက်က ရထားတစ်စီး နှင့် ကျောင်းကားတစ်စီး တိုက်မိရာ အနည်းဆုံး ကျောင်းသား ၄ဦးသေဆုံးပြီး ကျောင်းသား ၂၁ဦးအပါအဝင် လူ၂၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက ရဲသင်တန်းကျောင်းတစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ပါလက်စတိုင်း နှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေသည့်ကြားက ဒီဇင်ဘာ ၁၃ ရက် ညတွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ၃စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ချက်အရသိရသည်။
ဆာနား၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားရာ မြို့တော် ဆာနားမြို့ရှိ ရုရှားသံရုံးမှ သံရုံးအမှုထမ်း ၁၈ဦးကို ရုရှားနိုင်ငံ က ပြန်လည်ခေါ်ယူခဲ့ပြီး နိုင်ငံအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရုရှားသံရုံးအား ပိတ်ခဲ့ကြောင်း ဟူသီတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။