Connect with us

Asia

ထိုင်းတရားရုံးက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအား ထောင်ဒဏ် ၂၅နှစ် နှင့် ၎င်း၏သားဖြစ်သူအား သေဒဏ်ချမှတ်

ထိုင်းမူးယစ်ရာဇာ Lao Ta Saenlee အား ရာဇဝတ်တရားရုံးသို့ ခေါ်ဆောင်လာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြောက်ပိုင်းမှ မူးယစ်ရာဇာတစ်ဦးအား မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းတရားရုံးက ဒီဇင်ဘာ ၁၃ ရက်တွင် ထောင်ဒဏ် ၂၅နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရာဇဝတ်တရားရုံးက Lao Ta Saenlee (၇၇နှစ်) နှင့် ၎င်း၏ ဇနီးဖြစ်သူ Asama Saenlee (၆၇နှစ်) တို့ကို ချင်းမိုင်ပြည်နယ် မဲအိုင်းခရိုင်တွင် မူးယစ်ဆေးဝါးဝယ်ယူသူအဖြစ် အသွင်ယူထားသည့် ရဲစုံထောက်တစ်ဦးအား ထိုင်းဘတ်ငွေ ၅၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၆,၁၇၆ဒေါ်လာခန့်) တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး တစ်ကီလိုဂရမ် ရောင်းချမှုတွင် ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

ဘိန်းဘုရင်ခွန်ဆာနေရာတွင် အစားထိုးဝင်ရောက်လာသူအဖြစ် ထင်ရှားသော Lao Ta နှင့် ၎င်း၏ ဇနီးဖြစ်သူ တို့အနေဖြင့် စွဲချက်များအား ဝန်ခံခြင်းမရှိပါက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရနိုင်ခြေရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ထို့ပြင် တရားရုံးက ၎င်းတို့နှစ်ဦးထံမှ တစ်ဦးစီလျှင် ထိုင်းဘတ်ငွေ ၂.၅သန်း (အမေရိကန်ဒေါ်လာ ၇၃,၅၂၉ဒေါ်လာ) ပေးဆောင်ရန် ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် Lao Ta၏ သားဖြစ်သူ Wicharn Saenlee (၄၁နှစ်) နှင့် လက်အောက်ငယ်သားဖြစ်သူ Baramee Barameekuakul (၃၈နှစ်) တို့ကို ၂၀၁၆ခုနှစ်က ချင်းမိုင်တွင် မူးယစ်ဆေးဝါးဝယ်ယူသူအဖြစ် အသွင်ယူထားသည့် အခြားရဲစုံထောက်တစ်ဦးအား ထိုင်းဘတ်ငွေ ၁၁သန်း (အမေရိကန်ဒေါ်လာ ၃၂၃,၅၂၉ ဒေါ်လာခန့်) တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး ၁၉ ကီလိုဂရမ် ရောင်းဝယ်ဖောက်ကားမှုဖြင့် သေဒဏ်ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယင်းတရားခံများအပြင် ငါးဦးမြောက် တရားခံဖြစ်သည့် မူးယစ်ရာဇာ၏ အမျိုးသမီး လက်အောက်ငယ်သားတစ်ဦးဖြစ်သူ Rapheekarn Photphetcharaluck (၅၇နှစ်) အား အလားတူ မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းမူးယစ်တရားခံ ၅ဦးစလုံးသည် ၎င်းတို့အားချမှတ်ထားသည့် ပြစ်ဒဏ်များမှ လွတ်မြောက်ရန် အယူခံတရားရုံးသို့ အယူခံဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.