Connect with us

Asia

အိန္ဒိယအတိုက်အခံပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာ

အိန္ဒိယအတိုက်အခံပါတီ ခေါင်းဆောင် ဆိုနီယာဂန္ဒီ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် ကွန်ဂရက်ပါတီခေါင်းဆောင် ဆိုနီယာဂန္ဒီ က ၎င်း၏ သားဖြစ်သူ ရာဟူဂန္ဒီထံ ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်များလွှဲပြောင်းပေးပြီးနောက် ရာထူးမှ အနားယူတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ရက်တွင် ပြောကြားခဲ့သည်။

အသက် ၇၁နှစ်ရှိပြီဖြစ်သော အီတလီနွယ်ဖွား ဆိုနီယာဂန္ဒီ က “ရာထူးမှ အနားယူဖို့ အချိန်တန်ပြီ” ဟု ဒေလီတွင်သတင်းထောက်များအားပြောကြားခဲ့သည်။ဆိုနီယာဂန္ဒီ က ၎င်း၏ ၄၇နှစ်အရွယ် သားဖြစ်သူ သည် လွန်ခဲ့သော ၃နှစ်အတွင်း ပါတီ၌ တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့ပြီး ကွန်ဂရက်ပါတီ၏ ခေါင်းဆောင်နေရာကို လက်လွှဲယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆိုနီယာဂန္ဒီ၏ သားဖြစ်သူ ရာဟူးဂန္ဒီအားတွေ့ရစဉ် (ဆင်ဟွာ)

ပါတီ၏ ထိပ်တန်းရာထူးအတွက် ရာဟူးဂန္ဒီအားရွေးကောက်ပြီးနောက် ၅ရက်အကြာတွင် ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌအဖြစ် ဒီဇင်ဘာ ၁၆ရက်၌ တရားဝင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။ဆိုနီယာဂန္ဒီသည် အိန္ဒိယဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီ၏ ဇနီးဖြစ်ပြီး လွန်ခဲ့သည့် ၃နှစ်အတွင်း ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံသို့ အကြိမ်ပေါင်းများစွာ တက်ရောက်ကုသခံခဲ့ရကြောင်း သိရသည်။အိန္ဒိယနိုင်ငံသည် ၁၉၄၇ခုနှစ် တွင် ဗြိတိသျှ တို့၏ လက်အောက်မှ လွတ်မြောက်လာပြီးနောက် အိန္ဒိယနိုင်ငံအား ကာလကြာရှည်အုပ်ချုပ်ခဲ့သည့် နေရူး-ဂန္ဒီမျိုးဆက်၏ လက်ရှိအကြီးအကဲမှာ ဆိုနီယာဂန္ဒီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.