Connect with us

International Organizations

နျူကလီးယားလက်နက်များအစီအစဉ်ကို စွန့်လွှတ်ရန် မြောက်ကိုရီးယားကို အမေရိကန်တိုက်တွန်း

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတီလာဆန် မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တီလာဆန်က ဒီဇင်ဘာ ၁၅ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားရာတွင် ကိုရီးယားကျွန်းဆွယ်အကျပ်အတည်းကို ဖြေရှင်းရန် နောက်ဆုံးပိတ်ရည်မှန်းချက်ပန်းတိုင်မှာ “ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းတို့၏ နျူကလီးယားလက်နက်များ အစီအစဉ်ကို အလုံးစုံ ကတိကဝတ်ပြု၍ အပြောင်းအလဲမရှိ စွန့်လွှတ်ရန်သာဖြစ်ကြောင်း ” ထည့်သွင်းပြောကြားခဲ့သည်။

တီလာဆန်က မြောက်ကိုရီးယားနိုင်ငံအား တွေ့ဆုံဆွေးနွေးခြင်းစကားဝိုင်းသို့ဝင်ရောက်လာရန် နှင့် ၎င်းတို့၏ နျူကလီးယားလက်နက်များအစီအစဉ်ကို လက်လျော့ရန် တိုက်တွန်းပြောကြားခဲ့သည်။“ မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားလက်နက်တစ်ခုမျှ ရှိတာကို လက်ခံမှာမဟုတ်ပါဘူးဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဆုံးဖြတ်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှာ ခိုင်ခိုင်မာမာ ထင်ကျန်နေဆဲပါပဲ” ဟု ၎င်းက ဆိုသည်။ကမ္ဘာကြီး၌ နျူကလီးယားပဋိပက္ခအန္တရာယ် စိုးရိမ်ပူပန်မှုမြင့်တက်နေစဉ်မှာပင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစည်းအဝေး ခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။Xinhua)