Connect with us

Africa & Middle East

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာဘက်မှ ဒုံးကျည် ၃စင်း ပစ်ခတ် တိုက်ခိုက်

ပါလက်စတိုင်းဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်တစ်စင်း အစ္စရေးဘက်သို့ ကျရောက်ပေါက်ကွဲစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း နှင့် အစ္စရေးတို့အကြား တင်းမာမှုများ မြင့်တက်နေသည့်ကြားက ဒီဇင်ဘာ ၁၃ ရက် ညတွင် ဂါဇာမှ အစ္စရေးဘက်သို့ ဒုံးကျည် ၃စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ ထုတ်ပြန်ချက်အရသိရသည်။

အစ္စရေးစစ်ဖက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစ္စရေးနိုင်ငံ၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်က ဒုံးကျည် ၂စင်းကို အောင်မြင်စွာ ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူက ဒုံးကျည် ၂စင်းဖြင့် ပစ်ခတ်ပြီး မိနစ်အနည်းငယ်အကြာတွင် တတိယမြောက်ဒုံးကျည်သည် Eshkol ဒေသကောင်စီ၏ ကွင်းပြင်တစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း အစ္စရေးက ဂါဇာဘက်သို့ အနည်းဆုံး ၉ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ယင်းပစ်ခတ်မှုများသည် ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်ရန် ဟားမတ်စ်တို့၏ စခန်းများကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေးသို့ ဒုံးကျည်ပစ်ခတ်မှုကို ဂါဇာအခြေစိုက် စစ်သွေးကြွအုပ်စု တစ်ခုဖြစ်သည့် Isamic Jihad အဖွဲ့လုပ်ဆောင်ခြင်းဖြစ်ပြီး အစ္စရေးစစ်တပ်က ဂါဇာဘက်မှ မည်သည့် ရန်စပစ်ခတ်မှုမျိုးကိုမဆို ဂါဇာကမ်းမြောင်ကိုထိန်းချုပ်ထားသည့် ပါလက်စတိုင်းအစ္စလာမ်မစ်အဖွဲ့အစည်းဖြစ်သည့် ဟားမတ်စ်အဖွဲ့က တာဝန်ယူရမည်ဖြစ်ကြောင်း ထပ်တလဲလဲပြောကြားခဲ့ကြောင်း သိရသည်။

အကြီးတန်း စစ်အရာရှိတစ်ဦးက ယင်းသို့ ဒုံးကျည်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေပါက အစ္စရေးတို့အနေဖြင့် ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးဖြင့် ပြန်လည်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၃ ရက်ကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဒီဇင်ဘာ ၆ရက်တွင် ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုပြီးကတည်းက ဂါဇာ နှင့် အစ္စရေးအကြား ပဋိပက္ခများမြင့်တက်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.