နယူးယောက် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံရသူ ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၉ ရက် အစောပိုင်းတွင် ရွေးကောက်ပွဲအောင်မြင်မှုမိန့်ခွန်းပြောကြားရာ၌ အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသာ အမေရိကန်နိုင်ငံ၏ ဒဏ်ရာများကို ချုပ်ပေးရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း နှင့် တစ်ခုတည်းသော ပြည်သူများစည်းစည်းလုံးလုံးဖြစ်စေရန် အတူတကွလာရောက်ပူးပေါင်းကြရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ထရမ့်သည် ၎င်း၏ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဟီလာရီ ကလင်တန်အား နိုဝင်ဘာလ ၉ ရက် အစောပိုင်းက ၄၅ ကြိမ်မြောက် အမေရိကန် သမ္မတ ရွေးကောက်ပွဲ၌ ပွတ်ကာသီကာ အနိုင်ရရှိလာခဲ့သည်။
ဆစ်ဒနီ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး မူဝါဒများသည် ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် ဗီဇာကင်းလွတ်မှု သဘောတူညီချက် စတင်တော့မည်ဟူသော ကောလဟလသတင်းကဲ့သို့ မဟုတ်ဘဲ ယခင်အတိုင်း ပြောင်းလဲမှုမရှိကြောင်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဋ္ဌာန က နိုဝင်ဘာ ၉ရက်က ပြောကြားခဲ့သည်။
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ် ဂျေ ထရမ့်အား အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတအဖြစ် နိုဝင်ဘာလ ၉ ရက်က ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။ (Xinhua)
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဖြစ်ရန်အတွက် လိုအပ်သည့် Electoral Vote အရေအတွက် ၂၇၀ ရရှိရန် နီးကပ်နေပြီ ဖြစ်သဖြင့် ရီပက်ဘလစ်ကန်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါ်နယ် ဂျေ ထရမ့်သည် အမေရိကန်နိုင်ငံ၏ ၄၅ ယောက်မြောက် သမ္မတ ဖြစ်လာလိမ့်မည်...
ရာမာလာ ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့(PNA) က နိုဝင်ဘာလ ၉ ရက်တွင်ကျရောက်သော ၁၂ နှစ်မြောက် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် ကွယ်လွန်ခြင်း အထိမ်းအမှတ် အောက်မေ့ဖွယ်နေ့တွင် ယာဆာအာရာဖတ်ပြတိုက်ကို ရာမာလာမြို့၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၈ ရက်တွင် ကြေညာခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် လက်ရှိ သုံးစွဲနေသည့် ငွေကြေး ရူပီး ၅၀၀ တန်နှင့် ၁၀၀ တန်တို့အား နိုင်ငံ၏ ငွေကြေး လည်ပတ်မှု စနစ်မှ ရုပ်သိမ်းတော့မည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာလ ၈ ရက်တွင် ကြေညာလိုက်သည်။
အဘူဂျာ၊ နိုဝင်ဘာ ၉ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Zamfara ပြည်နယ်ရှိ အလုပ်ခွင်တစ်ခု တွင် လုပ်ကိုင်နေသည့် မိုင်းလုပ်သား ၄၀ဦးထက်မနည်း အသတ်ခံရသည့်ဖြစ်ရပ်အား နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့က စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ က နိုဝင်ဘာ ၈ရက် တွင်ပြောကြားခဲ့သည်။
နယူးယောက်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်ရွေးကောက်ပွဲ ရလဒ်အား ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေ၍ အမေရိကန် ရေနံဈေးနှုန်းသည် နိုဝင်ဘာ၈ရက်တွင် မြင့်တက်လာခဲ့ကြောင်း သိရသည်။
ကယ်လီဖိုးနီးယား ၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အစူဇာ(Asuza) မဲရုံ ပြင်ပတွင် နိုဝင်ဘာလ ၈ ရက်က အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲပေးနေချိန်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။