Connect with us

Asia

အိန္ဒိယတွင် ဘတ်စ်ကားနှင့် အိမ်စီးကားတိုက်မိ၍ လူ ၇ဦးသေဆုံး

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် နိုဝင်ဘာ ၁၇ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် အိမ်စီးမော်တော်ယာဉ်တစ်စီး တိုက်မိရာ အနည်းဆုံး လူ၇ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Gujarat ပြည်နယ် မြို့တော် Gandhinagar မြို့ အနောက်မြောက်ဘက် ၆၀ကီလိုမီတာခန့်အကွာ ရှိ Mehsana-Unjha အဝေးပြေးလမ်းမပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဇိမ်ခံဘတ်စ်ကားတစ်စီး နှင့် မော်တော်ယာဉ်တစ်စီး ပြင်းထန်စွာတိုက်မိခဲ့၍ လူ ၇ဦးသေဆုံးခဲ့ကြောင်း ဒေသခံအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာကာ ရုပ်အလောင်းများကို Mehsana ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆရာဝန်များက ၎င်းတို့အား ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုအား ရဲတပ်ဖွဲ့က စုံးစမ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ ကားလမ်းများပျက်စီးယိုယွင်းနေခြင်း နှင့် စည်းကမ်းမဲ့မောင်းနှင်ခြင်း တို့ကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၁၆ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၄၀၀ကျော်သေဆုံးခဲ့ရကြောင်း တရားဝင်ထုတ်ပြန်ချက်များအရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.