Connect with us

Asia

ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့်ပတ်သက်၍ တောင်ကိုရီးယား အထူးကိုယ်စားလှယ် နှင့် အမေရိကန် အထူးကိုယ်စားလှယ်တို့ဆွေးနွေး

တောင်ကိုရီးယားနိုင်ငံ တပ်ဖွဲ့ ဝင်များ စစ်ရေးလေ့ကျင့်နေစဉ်(ဆင်ဟွာ)

ဆိုလ်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း နျူကလီးယားဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် အမေရိကန်နိုင်ငံတို့ဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့( နိုဝင်ဘာ ၁၇ ) ရက်တွင် သတင်းထုတ်ပြန်သည်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ၏ အထူးကိုယ်စားလှယ် လီဒိုဟွန်း(Lee Do-hoon) သည် ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးတွင် လက်တလော ရပ်နားထားသည့် ၆နိုင်ငံဆွေးနွေးပွဲ၏ အမေရိကန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျိုးဇက်ယန်(Joseph Yun) နှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Jeju ကျွန်းပေါ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ဆွေးနွေးပွဲအတွင်း လီ နှင့် ယန် တို့သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြသည်။

၆ နိုင်ငံဆွေးနွေးပွဲတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည့် နိုင်ငံ နှစ်နိုင်ငံဖြစ်သော တရုတ် နှင့် ရုရှား နိုင်ငံတို့သည် ဆက်စပ်နိုင်ငံများ နှင့် မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်ပြီး အပြုသဘောဆောင် ပါဝင်သွားရန်သံဓိဋ္ဌာန်ပြုထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.