တိုကျို၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ရဟတ်ယာဉ် တစ်စင်းမှ တံခါးပေါက် တစ်ချပ် ဒီဇင်ဘာလ ၁၃ ရက်က ပြုတ်ကျခဲ့သည်ဟု အိုကီနာဝါရှိ အမေရိကန်စစ်တပ်က ပြောကြားခဲ့ကြောင်း ဂျပန်နိုငငံ တောင်ဘက်စွန်း စီရင်စုရှိ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ကားတိုက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်တွင် ပြောကြားလိုက်သည်။
ရှီဇူအိုကာ၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ရှီဇူအိုကာမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သော ၁၉၃၇ ခုနှစ် နန်ကျင်း လူအစုလိုက်အပြုံလိုက် အသတ်ခံရမှု (Nanjing Massacre) အောက်မေ့ဖွယ် အခမ်းအနားသို့ လူပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
တီဟီရန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ကာမန်ပြည်နယ် ဟိုဂျက်ခ်မြို့တွင် ဒီဇင်ဘာ ၁၃ရက် နံနက်ပိုင်းက ရစ်ချ်တာစကေး ၆.၁ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၅၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် IRIB ရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ပြုံယမ်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ကြောင်း Korean Central News Agency (KCNA) ကဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် နှစ်ပတ်လည် ကာကွယ်ရေး မူဝါဒ အသုံးစရိတ် အဖြစ် အမေရိကန်ဒေါ်လာ ၇ဝဝ ဘီလီယံနီးပါး ခွင့်ပြုသည့် ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၂ ရက်တွင် အိမ်ဖြူတော်၌ လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြောင်း ၊ ယင်းဥပဒေကြမ်းအရ အမေရိကန်စစ်တပ်အနေဖြင့် တပ်သားသစ်များ...
ကိဗ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့၏ ဥပဒေရေးရာ အကြီးအကဲများသည် ဒီဇင်ဘာလ ၁၁ ရက်က တွေ့ဆုံကာ MH17 လေယာဉ်ပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းနိုင်ငံ ရှေ့နေချုပ်ရုံးက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်းတို့ အစိုးရအဖွဲ့၏ အာကာသရေးရာမူဝါဒ ပထမဆုံး ညွှန်ကြားချက်အဖြစ် လကမ္ဘာနှင့် အင်္ဂ ါဂြိုဟ်ပေါ်သို့ အာကာသယာဉ်မှူးများ ထပ်မံစေလွှတ်ရန် အမေရိကန် အာကာသလုပ်ငန်း NASA သို့ ညွှန်ကြားမှုအား ဒီဇင်ဘာလ ၁၁ ရက်က...
ကင်မရွန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ ဖားနော့သ်ပြည်နယ် တွင် ဒီဇင်ဘာ ၁၁ ရက်က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။
ဂျူးဘား၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) တောင်ဆူဒန်နိုင်ငံ အလယ်ပိုင်းတွင် ပြိုင်ဘက် ဒင်ကာမျိုးနွယ်စုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ သေဆုံးသူ ဦးရေသည် ၆၀ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့သည်။