Connect with us

Europe

ဗြိတိန်တွင် လေယာဉ်နှစ်စီး ပျံသန်းရင်းတိုက်မိ၍ လူ အများအပြားသေဆုံး

လေယာဉ်အပိုင်းအစတစ်ခုအား ဝေဟင်မှတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်တစ်စီး နှင့် လေယာဉ်ငယ်တစ်စီး ကောင်းကင်ပျံသန်းနေစဉ် တိုက်မိရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။

ဗဟိုတောင်ပိုင်း အရေးပေါ်ဝန်ဆောင်မှုဋ္ဌာနက အခင်းဖြစ်ပွားရာ၌ သေဆုံးသူအများအပြားရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။မတော်တဆမှုတွင်ပါဝင်သည့် လေယာဉ်နှစ်စီးလုံးသည် အမြင့်ပေအနည်းငယ်မှသာ ပျံသန်းနေခြင်းဖြစ်ပြီး Wycombe လေယာဉ်ကွင်းမှ ထွက်ခွာလာကြခြင်းဖြစ်ကြောင်း သိရသည်။ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာ ပတ်လည်တွင် အတားအဆီးများ ကာရံထားကြောင်း သိရသည်။

Tames Valley ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ က Aylesbury မြို့အနီးရှိ အခင်းဖြစ်ပွားရာသို့ မီးသတ် နှင့် အရေးပေါ် တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အသက်ကယ်ဆယ်ရေးလုပ်ငန်းများကို အဓိကထား၍ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။၎င်းက မီးသတ်တပ်ဖွဲ့၏ မောင်းသူမဲ့လေယာဉ်တစ်စီးကို လေယာဉ်အပျက်အစီးများပေါ်သို့ စေလွှတ်ကာ အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေနေကြောင်း နှင့် ယင်းဖြစ်စဉ်အား လေကြောင်းမတော်တဆမှု စုံစမ်းစစ်ဆေးရေးဋ္ဌာနခွဲသို့ အကြောင်းကြားထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117