ဂိုအာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်သို့ အောက်တိုဘာလ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ကျူးဘားနိုင်ငံတို့အကြား ကုန်သွယ်မှု၊ သိပ္ပံနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖလှယ်မှုများ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ကျူးဘားအပေါ် စီးပွားရေး ပိတ်ဆို့မှုများ ထပ်မံ ဖြေလျှော့ပေးလိုက်ကြောင်း အမေရိကန်က အောက်တိုဘာလ ၁၄ ရက်၌ ကြေညာလိုက်သည်။
မက်ဒရစ် ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းသည် အာဂျင်တီးနားခံစစ်ကစားသမား ဂျေဗီယာ မာရှီယာနို၏အသင်းနှင့်စာချုပ် သက်တမ်းသစ်ကို အောက်တိုဘာလ ၁၇ ရက်တွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်က အတည်ပြုပြောကြားလိုက်သည်။
ဆိုးလ်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း Ulsan မြို့အနီး၌ ခရီးသည်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီး မီးလောင်ကျွမ်းခဲ့ပြီး လူ ၁၀ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာက အောက်တိုဘာလ ၁၄ ရက်က...
ပေကျင်း ၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒတ် နတ်ရွာစံ သွားသည့် သတင်းသည် ပြည်ပ နိုင်ငံများအတွက် အရေးကြီး သတင်းဟု မသတ်မှတ် နိုင်သော်လဲ ထိုင်းနိုင်ငံ ပြည်သူ လူထု အတွက်မူ ဘူမီဘော ဘုရင် သည် ၎င်းတို့၏...
ဘန်ကောက်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အစိုးရသည် အောက်တိုဘာလ ၁၃ရက်တွင် ကံတော်ကုန်ခဲ့သည့် သက်တော် ၈၈နှစ်အရွယ် ရှိပြီဖြစ်သော ထိုင်းဘုရင် ဘူမိဘောလ် အဒူလျာဒတ် (Bhumibol Adulyadej) အား ဝမ်းနည်းလွမ်းဆွတ်သည့် အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၄ရက် ကို အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာခဲ့သည်။
ဘန်ကောက် ၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမီဘော အဒူလျာဒတ်သည် ဘန်ကောက်မြို့ပေါ်ရှိ သီရိရာဇ(Siriraj)ဆေးရုံကြီးပေါ် တွင် အောက်တိုဘာလ ၁၃ ရက် ၊ ဒေသစံတော်ချိန်မွန်းလွဲ ၃နာရီ၅၂ မီနစ် တွင် နတ်ရွာစံသွားပြီဖြစ်ကြောင်း ထိုင်းဘုရင့်နန်းတော်ထုတ်ပြန်ချက်အရသိသည်။
ဆိုးလ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံတွင် Galaxy Note 7 စမတ်ဖုန်း ပိုင်ရှင်များအတွက် ငွေပြန်အမ်းပေးခြင်းနှင့် လဲလှယ်ပေးခြင်း အစီအစဉ်များအား ဆမ်ဆောင်း အီလက်ထရောနစ်က အောက်တိုဘာလ ၁၃ ရက်တွင် စတင်လုပ်ဆောင်ပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဟနွိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ တွင် ၂၀၀၉-၂၀၁၀ စာသင်နှစ် မှစ၍ စာသင်ကျောင်းများ အတွင်း နှင့် ပြင်ပ၌ ကျောင်းသား အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုပေါင်း ၁,၆၀၀ နီးပါးခန့်ရှိခဲ့ကြောင်း ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဋ္ဌာန ၏ အချက်အလက်များကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခု က အောက်တိုဘာ၁၃ရက်...
ဂျကာတာ ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် အမျိုးသမီးများ နှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကို လျော့ကျရန်ရည်ရွယ်ပြီး ပီပါပူး (Peperpu) သက်ငယ် လက်ထပ်ခြင်း ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၁၂ရက်တွင် ဝန်ကြီးက ပြောကြားလိုက်သည်။