Connect with us

International Organizations

အနာဂတ်တွင် မွေးကင်းစ ကလေးငယ် သေဆုံးနှုန်း မြင့်တက်မှု ကုလသမဂ္ဂ အစီရင်ခံစာ သတိပေး

ဆေးရုံတက်နေသည့် မွေးကင်းစ ကလေးငယ် တစ်ဦးအား သူနာပြု တစ်ဦးက နို့ဘူး တိုက်ကျွေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျနီဗာ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း မွေးကင်းစ ကလေးငယ် ထက်ဝက်ခန့်ဖြစ်သော သန်း ၆၀ နီးပါးသည် အသက် ၅ နှစ် မပြည့်မီ သေဆုံးမှု ဖြစ်ပွားနိုင်ကြောင်း ကုလသမဂ္ဂ အေဂျင်စီများမှ အောက်တိုဘာလ ၁၉ ရက်တွင် နောက်ဆုံး ထုတ်ပြန်လိုက်သည့် အစီရင်ခံစာက သတိပေးလိုက်သည်။

ယူနီဆက် (UNICEF) ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (WHO) ၊ ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးဋ္ဌာန၏ လူဦးရေဋ္ဌာနခွဲတို့ ပူးတွဲကာ ၂၀၁၇ ခုနှစ် ကလေးငယ် သေဆုံးမှု အဆင့်များနှင့် ပြောင်းလဲမှုများအပေါ် ယခုလို အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

စာရင်းများအရ ၂၀၁၆ ခုနှစ်အတွင်း နေ့စဉ် ကလေးငယ် ၁၅၀၀၀ ဦးသည် အသက် ၅ နှစ် မတိုင်မီ သေဆုံးခဲ့ခြင်း ဖြစ်ပြီး ယင်းအနက် ကလေးငယ် ၇၀၀၀ ဦးမှာ အသက် ၂၈ ရက်မတိုင်မီ သေဆုံးခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်း အသက် ၅ နှစ်အောက် ကလေးငယ် သန်းပေါင်းများစွာ သေဆုံးမှုမှာ အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ထိုသို့ သေဆုံးမှုများသည် အဓိကအားဖြင့် ကြိုတင်ကာကွယ်နိုင်သည်များဖြစ်သော်လည်း နှစ်စဉ် အသက် ၅ နှစ်အောက် ကလေးငယ် ၅.၆ သန်း၊ မွေးဖွားစဉ် သေဆုံးခဲ့သည့် ကလေးငယ် ၂.၆ သန်း ရှိကြောင်း သိရသည်။

“မွေးဖွားစဉ်နဲ့ မွေးဖွားပြီးနောက် ကလေးငယ်တွေ သေဆုံးမှုကို ကျွန်တော်တို့ မတားဆီးနိုင်ဘူးဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဘယ်တော့မှ ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ လိုအပ်တဲ့ အသိပညာနဲ့ နည်းပညာတွေ ရှိပါတယ်။ ဒီထဲက သူတို့အတွက် အလိုအပ်ဆုံးကို ကျွန်တော် လုပ်နိုင်ဖို့ပဲ လိုတာပါ” UNICEF ကျန်းမာရေး အကြီးအကဲ Stefan Swartling Peterson က ပြောကြားခဲ့သည်။

ရရှိထားသည့် အချက်အလက်များအရ မွေးကင်းစကလေးငယ် သေဆုံးမှု အများစုမှာ တောင်အာရှနှင့် အာဖရိက ဆာဟာရဒေသခွဲမှ ဖြစ်ပြီး စုစုပေါင်း ကလေးငယ် သေဆုံးမှု၏ ၇၅ ရာခိုင်နှုန်းကျော်ရှိသည်။ နိုင်ငံ အချို့အလိုက် ကလေးငယ် သေဆုံးမှု ရာခိုင်နှုန်းများမှာ အိန္ဒိယတွင် ၂၄ ရာခိုင်နှုန်း၊ ပါကစ္စတန်တွင် ၁၀ ရာခိုင်နှုန်း၊ နိုင်ဂျီးရီးယားတွင် ၉ ရာခိုင်နှုန်း၊ ကွန်ဂိုတွင် ၄ ရာခိုင်နှုန်းနှင့် အီသီယိုးပီးယားတွင် ၃ ရာခိုင်နှုန်း အသီးသီး ရှိကြောင်း သိရသည်။

ယခုနှစ် အစီရင်ခံစာ၌ ပထမဆုံးအဖြစ် အသက် ၅ နှစ်မှ ၁၄ နှစ်အကြား ကလေးငယ်များ၏ အချက်အလက်များလည်း ထည့်သွင်း ဖော်ပြခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ၂၀၁၆ ခုနှစ်အတွင်း အသက် ၅ နှစ်မှ ၁၄ နှစ်အကြား ကလေးငယ် သေဆုံးမှုမှာ ၁ သန်းခန့် ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.