Connect with us

Asia

အိန္ဒိယဝန်ကြီးချုပ်ရုံးတွင် မီးလောင်မှုဖြစ်ပွား

မီးလောင်မှုဖြစ်ပွားခဲ့သည့် အိန္ဒိယဝန်ကြီးချုပ်ရုံး သို့ မီးသတ်ကားများရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ ရှိ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ၏ ရုံးတွင် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Raisina Hills ဧရိယာပေါ်ရှိ တောင်ဘက်ဘလောက်တွင် တည်ရှိသော ဝန်ကြီးချုပ်ရုံး မီးလောင်မှုဖြစ်ပွားချိန်တွင် မဖွင့်လှစ်သေးသောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီသည် လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် ၎င်း၏ မွေးရပ်မြေဖြစ်သည့် ဂူဂျာရတ်ပြည်နယ်သို့ရောက်ရှိနေကြောင်း သိရသည်။

ပြည်တွင်းမီးသတ်ဋ္ဌာန အရာရှိ Gurmukh Singh က “ဝန်ကြီးချုပ်ရဲ့ ရုံးခန်းအမှတ် ၂၄၂ မှာ မီးလောင်နေတယ်လို့ သတင်းပေးချက်ရရှိခဲ့တဲ့အတွက် မီးသတ်ဝန်ထမ်းတွေကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်” ဟု မီဒီယာသို့ပြောကြားခဲ့သည်။

အခန်းအမှတ် ၂၄၂သည် ဝန်ကြီးချုပ်ရုံး ဋ္ဌာနမှူးတစ်ဦး၏ အခန်းဖြစ်ကြောင်း သိရသည်။

နောက်ထပ်မီးသတ်အရာရှိတစ်ဦးက မီးလောင်မှုကို မိနစ် ၂၀အတွင်း ထိန်းချုပ်နိုင်ခဲ့သော်လည်း လေအေးပေးစက်ကဲ့သို့သော လျှပ်စစ်ပစ္စည်းတစ်ချို့ နှင့် ရုံးမှတ်တမ်းတစ်ချို့မီးလောင်ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေပြီး ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း Singh ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.