Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ သမ္မတ က မာလာဝီ မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ပြီး ဖြစ်ကြောင်း ကြေညာ

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ဝင် များအား မာလာဝီ မြို့တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ သမ္မတ ဒူတာတေး က အောက်တိုဘာ ၁၇ ရက်နေ့၌ အစိုးရ တပ်ဖွဲ့အနေဖြင့် နိုင်ငံ တောင်ပိုင်းတွင် တည်ရှိသည့် မာလာဝီ မြို့ကို အကြမ်းဖက်သမားများ ထံမှ ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ဒူတာတေး က အောက်တိုဘာ ၁၇ ရက်နေ့တွင် မာလာဝီ မြို့သို့ သွားရောက်ခဲ့ပြီး ဒေသတွင်းရှိ အစိုးရ အဖွဲ့ဝင် များနှင့် တပ်ဖွဲ့ဝင်များအား မိန့်ခွန်းပြောကြားရာတွင် မာလာဝီမြို့သည် အကြမ်းဖက် သမားများ လက်မှ လွတ်မြောက်ခဲ့ပြီး ဖြစ်ကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်လုပ်ကိုင်ကြရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့ စစ်ဦးစီးချုပ် Eduardo Año က လက်ရှိချိန်တွင် မာလာဝီ မြို့တွင် အကြမ်းဖက် သမား ၂၀ မှ ၃၀ ခန့် က ဆက်လက်ခုခံ နေသော်လည်း ၎င်းတို့မှာ အလွန်သေးငယ် သည့် နယ်ပယ် တစ်ခု အတွင်းသို့ ရောက်ရှိနေပြီး သာမန် လုံခြုံရေး ကိစ္စရပ် မျှသာ ဖြစ်တော့ကြောင်း ၊ လက်ရှိချိန်တွင် စစ်တပ် အနေဖြင့် သတိကြီးစွာ ထားရှိပြီး အကြမ်းဖက်သမား များအား သနားသူများမှ တုံ့ပြန်မှုများ ပြုလုပ်လာမည် ကို ကာကွယ်ထားကြောင်း ၊ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဆက်လက်၍ ကျန်ရှိနေသော အကြမ်းဖက်သမား များကို ချေမှုန်းသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း တွင် အချိန် ၅ လ ခန့်ကြာမြင့်ခဲ့သည့် တိုက်ပွဲ အတွင်း အကြမ်းဖက်သမား ၈၄၇ ဦး ၊ စစ်တပ်တပ်ဖွဲ့ဝင် ၁၆၃ ဦး နှင့် အရပ်သား အနည်းဆုံး ၄၇ ဦး သေဆုံး ခဲ့ရပြီး မာလာဝီ မြို့ နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူပေါင်း ၄၆၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ခဲ့ရကြောင်း ၊ တိုက်ပွဲကြောင့် မာလာဝီ မြို့မှာ လုံးဝ ပျက်ဆီး သွားခဲ့ရပြီး အစိုးရ ၏ စာရင်းပြုစုချက်အရ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ် အတွက် အနည်းဆုံး ဖိလစ်ပိုင် ပီဆို ၅၀ ဘီလီယံ လိုအပ်မည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.