နယူးယောက်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) နိုဝင်ဘာလ ၁၄ရက်နေ့တွင် တွေ့မြင်ရမည့် စူပါ-မွန်း သည် ၆၉နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကမ္ဘာမှ အနီးကပ်ဆုံးမြင်တွေ့ရမည့် လမျက်နှာပြင် အပြည့်အဝဖြစ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။
အန်ကာရာ၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အမေရိကန်နိုင်ငံတွင် သမ္မတအဖြစ်ရွေးကောက်ခံရသည့် ဒေါ်နယ်ထရမ့် အား ဆန္ဒပြရန် လမ်းများပေါ်၌ ထောင်ပေါင်းများစွာသော အမေရိကန်နိုင်ငံသားများ နေရာယူထားခဲ့သည်မှာ လေးရက်မြောက်ရှိပြီဖြစ်သည့်အတွက် တူရကီနိုင်ငံသားများ အမေရိကန်နိုင်ငံသို့ ခရီးသွားလာမှုအား နိုဝင်ဘာ ၁၂ရက်က သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘာလိုချီစတန်ခရိုင် ရှိ ဘုရားကျောင်းတစ်ခုတွင် နိုဝင်ဘာ ၁၂ရက်ညက အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၄၀ဦးထက်မနည်းသေဆုံးကာ ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများ နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ပြည်တွင်း ရုပ်သံလိုင်း Abb Takk က ဖော်ပြချက်အရ ပေါက်ကွဲမှုကြောင့် အမျိုးသမီးများ...
ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ Oregon ပြည်နယ် Portland မြို့ တွင် ဒေါ်နယ်ထရမ့် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေစဉ် အတွင်း အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။
နယူးယောက်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သော စီးပွားရေး အချက်အလက်များ၊ ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အလားအလာရှိသော စီးပွားရေး မူဝါဒများက အတိုးနှုန်းမြင့်တက်မည်ဟူသော ဈေးကွက် မျှော်လင့်ချက်များအား တိုးမြင့်စေခဲ့သဖြင့် နိုဝင်ဘာလ ၁၁ ရက်က အခြားငွေကြေးများနှင့် လဲလှယ်ရာ၌ အမေရိကန်ဒေါ်လာ ဈေးတက်လာခဲ့ကြောင်း...
လီမား၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း ၂၄ ကြိမ်မြောက် အေပက် (APEC) စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ ရက်သတ္တပတ်အား သီးသန့်နှင့် အများဆိုင်ရာပွဲပေါင်း ၁၅၀ ခန့်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း Lima Convention and Visitors...
မနီလာ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Basilan ပြည်နယ်ကမ်းရိုးတန်းအလွန် တွင် နိုင်ငံခြား သင်္ဘောတစ်စီး မှ ဗီယက်နမ်လူမျိုး သင်္ဘောသား ငါးဦးအား အနည်းဆုံး သေနတ်သမား ၁၀ဦးက နိုဝင်ဘာ ၁၁ရက်တွင် ပြန်ပေးဆွဲခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဘားရတ် အိုဘားမား က ၎င်းနှင့် ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ် ထရမ့်တို့သည် ရွေးကောက်ပွဲအပြီး အိမ်ဖြူတော်၌ ပထမဆုံး တွေ့ဆုံခဲ့ရာ၌ နယ်ပယ်ကဏ္ဍပေါင်းစုံ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း နိုဝင်ဘာ ၁၀ ရက်ကပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် အနီးရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် နိုဝင်ဘာ ၁၁ရက် အစောပိုင်းက အကြီးစား မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့၍ လူ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။
ဂျေရုစလင်၊ နိုဝင်ဘာ ၁၀ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးကောက်ခံရသည့် ဒေါ်နယ်ထရန့် သည် အစ္စရေးနိုင်ငံဝန်ကြီးချုပ် Benjamin Netanyahu အား ဝါရှင်တန်၌ ၎င်းနှင့် တွေ့ဆုံရန် နိုဝင်ဘာ ၉ရက် ဖုန်းပြောစဉ်က ဖိတ်ခေါ်ခဲ့ကြောင်း အစ္စရေးနိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။