Connect with us

Latin America

အတိုးနှုန်းမြင့်နိုင်မည်ဟူသော မျှော်မှန်းချက်ဖြင့် ဒေါ်လာဈေးတက်

အမေရိကန်ဒေါ်လာများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သော စီးပွားရေး အချက်အလက်များ၊ ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အလားအလာရှိသော စီးပွားရေး မူဝါဒများက အတိုးနှုန်းမြင့်တက်မည်ဟူသော ဈေးကွက် မျှော်လင့်ချက်များအား တိုးမြင့်စေခဲ့သဖြင့် နိုဝင်ဘာလ ၁၁ ရက်က အခြားငွေကြေးများနှင့် လဲလှယ်ရာ၌ အမေရိကန်ဒေါ်လာ ဈေးတက်လာခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ စားသုံးသူများ၏ စီးပွားရေးအပေါ်ထားသည့် မျှော်မှန်းချက်များ မြင့်တက်လာမှုကြောင့် စားသုံးသူ စီးပွားရေး အကဲဖြတ်မှု ညွှန်းကိန်းသည်လည်း နိုဝင်ဘာလ အစောပိုင်းတွင် ပြန်လည် မြင့်တက်လာခဲ့သည်။ရင်းနှီးမြှုပ်နှံသူများကလည်း ဒေါ်နယ်ထရမ့် အစိုးရ၏ စီးပွားရေး မူဝါဒ မျှော်မှန်းချက်အား စောင့်ကြည့်နေကြကြောင်း သိရသည်။

ထို့ပြင် လေ့လာဆန်းစစ်သူများ အဆိုအရ ထရမ့်၏ ဖြလာနိုင်ခြေရှိသည့် အခွန် လျှော့ချမှုများ လုပ်ဆောင်ခြင်းနှင့် စီးပွားရေး တိုးတက်မှုဆိုင်ရာ မူဝါဒများ ပြဋ္ဌာန်းခြင်း၊ ငွေကြေးဖောင်းပွမှုများ ပြန်လည် မြင့်တက်လာခြင်းနှင့် အတိုးနှုန်း မြင့်တက်ခြင်း စသည်တို့ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။နိုဝင်ဘာလ ၁၁ ရက် နောက်ဆုံး ကုန်သွယ် ရောင်းဝယ်ဖြစ်ခဲ့သည့် အမေရိကန်ဒေါ်လာ အညွှန်းကိန်းသည် အခြား နိုင်ငံတကာ ငွေကြေး ခြောက်ခုနှင့် နှိုင်းယှဉ်ရာတွင် ဝ.၂၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၉၉.၀၇၁ ဖြစ်လာခဲ့ကြောင်း၊ ယင်း ပမာဏသည် ကိုးလအတွင်း အမြင့်ဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117