Connect with us

Latin America

၆၉နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာမှ အနီးကပ်ဆုံးမြင်တွေ့ရမည့် လမျက်နှာပြင် (စူပါ-မွန်း)

၂၀၁၅ခုနှစ် စက်တင်ဘာ ၂၈ရက်တွင် လအပြည့်အဝကြတ်ခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ)

နိုဝင်ဘာလ ၁၄ရက်နေ့တွင် တွေ့မြင်ရမည့် စူပါ-မွန်း သည် ၆၉နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကမ္ဘာမှ အနီးကပ်ဆုံးမြင်တွေ့ရမည့် လမျက်နှာပြင် အပြည့်အဝဖြစ်ကြောင်း နာဆာ (NASA) ၏ပြောကြားချက်အရ သိရသည်။

နာဆာ (NASA) က ယခုကဲ့သို့ စူပါ-မွန်း ဖြစ်စဉ်အား ၂၀၃၄ခုနှစ် မတိုင်ခင်အထိ ထပ်မံမြင်တွေ့ရတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။လသည် ကမ္ဘာအား ဘဲဥပုံသဏ္ဍာန် လည်ပတ်နေပြီး အချိန်နှင့်အမျှ ၎င်းတို့ကြားအကွာအဝေးသည် ပြောင်းလဲလျက်ရှိကြောင်းသိရသည်။ လသည် ကမ္ဘာနှင့် အနီးဆုံးအကွာအဝေးသို့ရောက်ရှိလာသည့်အခါ ၎င်းအား ယခင်ထက် ပိုမို ကြီးမားစွာ နှင့် တောက်ပစွာ မြင်တွေ့ရကြောင်း နှင့် ယင်း ဖြစ်စဉ်အား စူပါ-မွန်း ဟုခေါ်ကြောင်း သိရသည်။နာဆာ (NASA)၏ ပြောကြားချက်အရ စူပါ-မွန်းဖြစ်ပေါ်လာပါက ပုံမှန် လပြည့်နေ့ထက် ၁၄ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းထိ ပိုမို တောက်ပလာကြောင်း သိရသည်။၂၀၁၅ခုနှစ် စက်တင်ဘာ နှောင်းပိုင်းတွင် စူပါ-မွန်းဖြစ်စဉ် နှင့် အတူ လအပြည့်အဝကြတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ကမ္ဘာအနှံ့မှ နက္ခတ္တဗေဒပညာရှင်များ ယင်းရှားပါးဖြစ်စဉ်အား ကြည့်ရှုရန် စုဝေးခဲ့ကြကြောင်း သိရသည်။ (Xinhua)