Connect with us

Latin America

မတူညီသော ပွဲပေါင်း ၁၅၀ ဖြင့် အေပက် (APEC) အစည်းအဝေး ပီရူးတွင် ကျင်းပမည်

APEC လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လီမား၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း ၂၄ ကြိမ်မြောက် အေပက် (APEC) စီးပွားရေး ခေါင်းဆောင်များ တွေ့ဆုံပွဲ ရက်သတ္တပတ်အား သီးသန့်နှင့် အများဆိုင်ရာပွဲပေါင်း ၁၅၀ ခန့်ဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း Lima Convention and Visitors Bureau ဥက္ကဋ္ဌ ကာလို့စ် ကာနေးလ်စ်က နိုဝင်ဘာလ ၁၀ ရက်က ပြောကြားလိုက်သည်။

အေပက်၏ စီးပွားရေးဆိုင်ရာ အမှုဆောင်အရာရှိချုပ်များ ထိပ်သီးဆွေးနွေးပွဲသို့ ၂၁ ကြိမ်မြောက် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဖိရမ်မှ စီးပွားရေး ခေါင်းဆောင်များအပြင် ထိုအုပ်စု၏ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များလည်း တက်ရောက်ကြမည် ဖြစ်သည်။အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ပုဂ္ဂလိက ကဏ္ဍမှ ကျွမ်းကျင်သူများနှင့် အစိုးရ အရာရှိများ စုဝေး တက်ရောက်ကြမည် ဖြစ်ပြီး ပီရူးမှ စီးပွားရေး ခေါင်းဆောင်များ အနေဖြင့် အေပက် အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး ခေါင်းဆောင်များနှင့် ကုန်သွယ်မှုဆိုင်ရာ အတွေ့အကြုံများ ဖလှယ်မည့် အခွင့်အရေး ဖမ်းဆုပ်နိုင်မည် ဖြစ်ကြောင်း ကာနေးလ်စ်က မှတ်ချက်ပြုထားသည်။အဆိုပါ အစည်းအဝေးများအတွင်း ပီရူးနိုင်ငံက ၎င်း၏ သဘာဝ အရင်းအမြစ်များ၊ ရုးရာ ပြည်ပပို့ကုန်စည်များနှင့် ခရီးသွားလုပ်ငန်း ဆွဲဆောင်မှုများအား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။“ဒီအစည်းအဝေးတွေအတွင်း အလွှာစုံမှ ဧည့်သည်ပေါင်း ၁၅၀၀၀ နီးပါး လာရောက်နိုင်သလို ရင်းနှီးမြှုပ်နှံမှု အများအပြားကိုလဲ ဆွဲဆောင်နိုင်မှာ ဖြစ်တယ်” ဟု ကာနေးလ်စ်က ပြောသည်။အေပက် (APEC) အဖွဲ့သည် ကမ္ဘာ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းရှိကို ကိုယ်စားပြုပြီး ကမ္ဘာ့ ကုန်သွယ်မှု၏ ၄၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ (Xinhua)