Connect with us

Latin America

အမေရိကန်တွင် ထရမ့်ဆန္ဒပြပွဲများဖြစ်ပွားနေစဉ်အတွင်း အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ

ထရမ့်အား ဆန္ဒပြချီတက်လမ်းလျှောက်နေသည့် အမေရိကန်နိုင်ငံသားများအားတွေ့ရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၁၃ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ Oregon ပြည်နယ် Portland မြို့ တွင် ဒေါ်နယ်ထရမ့် သမ္မတ အဖြစ် ရွေးကောက်ခံရခြင်းအပေါ် ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြုလုပ်နေစဉ် အတွင်း အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံရကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၃ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် နိုဝင်ဘာလ ၁၂ရက် နံနက်အစောပိုင်းတွင်ဖြစ်ပွားခဲ့ပြီး ကနဦးသတင်းရရှိချက်များအရ သံသယရှိသူသည် Morrison တံတားပေါ်ရှိ ယာဉ်တစ်စီးအတွင်းမှဖြစ်ကာ ဆန္ဒပြပွဲအတွင်း ရှိ တစ်စုံတစ်ယောက်နှင့် ပဋိပက္ခဖြစ်ပွားခဲ့သေးကြောင်း Portland မြို့ ရဲတပ်ဖွဲ့ က ၎င်း၏ တွစ်တာစာမျက်နှာ၌ရေးသားခဲ့သည်။သေနတ်ပစ်ခတ်ခံရသူအား ဆေးဝါးကုသမှုများပေးထားပြီးနောက် Portland ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် သေနတ်ဒဏ်ရာမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။

မျက်မြင်သက်သေများက စုံစမ်းစစ်ဆေးသူများအား ပြောကြားချက်အရ သံသယရှိသူသည် ဆယ်ကျော်သက် နှောင်းပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး မီးခိုးရောင် (သို့) ငွေရောင် ဆွီဒင်ကားဖြင့် အခင်းဖြစ်ပွားရာမှ လွတ်မြောက်သွားကြောင်း သိရသည်။ဆန္ဒပြသူများက ရဲတပ်ဖွဲ့အား မီးကျည်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့က မျက်ရည်ဗုံးဖောက်ခွဲကာ ဖြိုခွင်းခဲ့ရသော အဓိကရုဏ်းအဖြစ်ပြောင်းလဲသွားသည့် နိုဝင်ဘာ ၁၁ရက် ဆန္ဒပြပွဲ အပြီးတွင် ယင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မြို့တော်ခန်းမရှေ့တွင် ကြီးမားသည့် လူအုပ်ကြီး စုဝေးခဲ့ပြီး မြို့တစ်လျှောက် လူ၁၀၀၀ခန့် ချီတက် ဆန္ဒပြခဲ့၍ ယာဉ်ကြောပိတ်မှုများဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ထရမ့်ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် နိုဝင်ဘာ ၉ရက် ကတည်းက ဘော်စတွန်မြို့၊ ချီကာဂိုမြို့၊ ဒက်စ်ထရွိုက်မြို့၊ မီယာမီမြို့၊ နယူးယောက်မြို့၊ ဖီလာဒယ်ဖီရာမြို့ နှင့် ဆန်ဖရန်စစ္စကိုမြို့ကဲ့သို့သော အမေရိကန်မြို့များ တွင် ထရန့်၏ ရွေကောက်ခံရမှုအား ဆန္ဒပြရန် လမ်းပေါ်၌ လူများစုဝေးနေခဲ့ကြကြောင်း သိရသည်။ (Xinhua)