Connect with us

Asia

အိန္ဒိယမြို့တော် အနီး စက်ရုံမီးလောင်မှု ၁၅ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် စက်ရုံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၁၁ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော် အနီးရှိ အထည်ချုပ်စက်ရုံတစ်ရုံတွင် နိုဝင်ဘာ ၁၁ရက် အစောပိုင်းက အကြီးစား မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့၍ လူ၁၅ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

ယင်းရဲအရာရှိက နယူးဒေလီမြို့ မှ ၂၅ကီလိုမီတာ အကွာ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် Sahibabad မြို့ရှိ စက်ရုံ၌ ဒေသစံတော်ချိန် နံနက် ၄နာရီ ဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးတောက် အသေးစားမှ စတင်လောင်ကျွမ်းခဲ့မှုသည် နောက်ဆုံး၌ စက်ရုံတစ်ခုလုံးအား ဝါးမြိုခဲ့ကြောင်း ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းချိန်တွင် စက်ရုံအတွင်း၌ တာဝန်ကျ အလုပ်သမားများရှိနေပြီး ယခုအချိန်အထိ စက်ရုံအတွင်းမှ ရုပ်အလောင်း ၁၅လောင်း ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် အများစုမှာ မီးလောင်ဒဏ်ရာများဖြစ်ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

ပြည်တွင်း ရုပ်သံလိုင်းများ၏ဖော်ပြချက်အရ မီးငြိမ်းသတ်ရန် အတွက် အနည်းဆုံး မီးသတ်ယာဉ် ၁၀စီးရောက်ရှိလာခဲ့ပြီး အထည်များတင်ပို့သည့် အဆိုပါ စက်ရုံမှ မီးခိုးဖြူများ အလိပ်လိုက် လွင့်တက်လျက်ရှိကြောင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား ကြီးကြပ်ညွှန်ကြားရန် အခင်းဖြစ်ပွားရာသို့ အကြီးတန်း ရဲအရာရှိများ ရောက်ရှိလာခဲ့ကြောင်း နှင့် အဆိုပါ မီးလောင်မှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကနဦး စစ်ဆေးချက်များအရ မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဝါယာရှော့ခ်ကြောင့်ဟု သိရှိရသော်လည်း တိကျသည့်အဖြေရရှိရန်အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.