ကာရာကာ့စ် ၊ မတ် ၂၆ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Jorge Rodriguez က နိုင်ငံ၏အဓိက ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ Guri သည် နောက်ထပ်တစ်ဖန် အဖျက်အမှောင့်လုပ်ငန်းနှင့် ထပ်မံကြုံတွေ့ခဲ့ရကြောင်း ၊ နိုင်ငံအတွင်းရှိ ဒေသများစွာတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ၊ သို့သော် အာဏာပိုင်များအနေဖြင့်...
ဝါရှင်တန် ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မတ်လ ၂၅ ရက် ၌ အစ္စရေး နိုင်ငံ မှ ဂိုလန်ကုန်းမြင့် အချုပ်အခြာ အာဏာ အား ပိုင်ဆိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ခဲ့ပြီး...
Nice ၊ မတ် ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် မတ် ၂၄ ရက် ညပိုင်းက Niceမြို့တွင် ပြင်သစ်နိုင်ငံ သမ္မတ အီမာနျူရယ် မက်ခရွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံရာတွင် သမ္မတရှီက ပြင်သစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်တည်ထောင်ပြီးနောက် ပထမဆုံး တရုတ်နိုင်ငံနှင့်...
ဂျေရုဆလင်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ပါလက်စတိုင်းလူမျိုး ဟားမတ်အကျဉ်းသားများသည် အကျဉ်းထောင်တစ်ခု၌ အစ္စရေးထောင်ဝန်ထမ်းများကို ဓါးဖြင့်တိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ရာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးအကျဉ်းဦးစီးဌာနက မတ် ၂၄ ရက်တွင်ပြောကြားခဲ့သည်။
ဘန်ကောက်၊ မတ် ၂၅ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ခေါင်းဆောင် အဘီဆစ် (Abhisit Vejjajiva) သည် အထွေထွေရွေးကောက်ပွဲ၌ ၎င်းပါတီကမျှော်လင့်ထားသည့် မဲအရေအတွက်မရရှိဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ရန် မတ် ၂၄ ရက်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်၊ မတ် ၂၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကို ယနေ့မတ်လ ၂၄ ရက်တွင် ကျင်းပရာ နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်များက သက်ဆိုင်ရာ မဲရုံများ၌ ဆန္ဒမဲ အသီးသီးပေးလျက်ရှိကြောင်း သိရသည်။
အော်စလို ၊ မတ် ၂၄ ရက်(ဆင်ဟွာ) နော်ေ၀ အကြီးစား ခရီးသည်တင် သင်္ဘောတစ်စီးသည် နိုင်ငံ အနောက်ဘက်ပင်လယ် ကမ်းခြေတွင် မတ် ၂၃ ရက်က စက်ချို့ယွင်းမှုဖြစ်ပွားပြီး လေပြင်းတိုက်ခတ်မှုနှင့်ကြုံတွေ့နေရသဖြင့် ၎င်းသဘောၤပေါ်လိုက်ပါလာသည့် လူတစ်ထောင်ကျော်ကို ကယ်ဆယ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟောင်ကောင်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Bitung မြို့ အရှေ့မြောက် အရှေ့ဘက် ၁၄၁ ကီလိုမီတာတွင် မတ်လ ၂၄ ရက် ဂရင်းနစ်စံချိန် နံနက် ၄း၃ရး၃၄ နာရီက ရစ်ချ်တာစကေး ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက...
ဗာမာကို၊ မတ် ၂၄ရက်(ဆင်ဟွာ) မာလီနိုင်ငံ အလယ်ပိုင်း Fulani လူမျိုးစုများ နေထိုင်ရာကျေးရွာတစ်ခုတွင် မတ် ၂၃ ရက်က လက်နက်ကိုင်များ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဘိုဂိုတာ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ အနောက်ပိုင်း Valle del Caucaပြည်နယ်El Dovioမြို့အနီးတွင် မတ်၂၃ ရက်က ပြင်းအား ၆.၁ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ ၎င်းပြည်နယ်ရှိ နေရာအမြောက်အမြားတွင် ငလျင်လှုပ်ခတ်မှုကို သိရှိခံစားခဲ့ရကြောင်း သိရသည်။ လက်ရှိတွင်သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှု စာရင်းမထွက်ရှိသေးကြောင်း သိရသည်။