Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ကို မြေပြင်စစ်ပွဲထိုးစစ်မဆင်ဖို့ အစ္စရေးစစ်တပ်ကို ဟာမက်စ်အဖွဲ့က သတိပေး

အစ္စရေးအမြောက်တပ်က အစ္စရေးတောင်ပိုင်း Sderotမြို့မှ ဂါဇာကမ်းမြောင်ဒေသသို့ ပစ်မှတ်ထားတိုက်ခိုက်နေသည်ကို မေ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို မည်သည့် မြေပြင်လှုပ်ရှားမှုမျှမပြုလုပ်ဖို့ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟာမက်စ်)၏ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ တပ်မဟာ Al-Qassam က မေ ၁၃ ရက် ညပိုင်းတွင် သတိပေးပြောကြားခဲ့သည်။ သတိပေးချက်ကို မလိုက်နာပါက ပို၍ရက်စက်ကြမ်းကြုတ်သည့် သင်ခန်းစာများကို ရင်ဆိုင်သွားရမည်ဟု ၎င်းအဖွဲ့က ဆိုသည်။

အစ္စရေးလေကြောင်းတိုက်ခိုက်ခံရသည့် ဂါဇာကမ်းမြောင်ဒေသ Rafahမြို့၏ မြင်ကွင်းတစ်နေရာအား မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ Rafahမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ပါလက်စတိုင်းကလေးငယ်များအား ဆေးကုသပေးနေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ Rafahမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ပါလက်စတိုင်းကလေးငယ်များအား ဆေးကုသပေးနေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ Rafahမြို့ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ Beit Lahiaတွင် လေကြောင်းတိုက်ခိုက်မှုအတွင်းပျက်စီးနေသည့် အဆောက်အအုံများအကြား ရှာဖွေကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာကမ်းမြောင်လက်နက်ကိုင်အဖွဲ့က ယင်းနေ့ညပိုင်းတွင် အစ္စရေး တောင်ဘက်ရှိ Ashkelon နှင့် Ashdod မြို့များကို ဒုံးကျည် အလုံး(၉၀)ပစ်လွှတ်ခဲ့ကြောင်း ပါလက်စတိုင်းမီဒီယာများက တပ်မဟာ Al-Qassam ၏ ပြောရေးဆိုခွင့်ရှိသူ Abu Obeida ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ တစ်ချိန်တည်းတွင်ပင် အစ္စရေးတပ်များ ဂါဇာဒေသကို မကျူးကျော်ဖို့ သတိပေးလိုက်ပြီး မလိုက်နာပါက သေဆုံးသူနှင့် သုံ့ပန်းအဖြစ်အဖမ်းခံရဖို့သာ ပိုများလာနိုင်ကြောင်း၊ ရန်သူကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ရန် ပါလက်စတိုင်းက အဆင်သင့် ပြင်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

အစ္စရေးမီဒီယာများ၏ သတင်းများအရ အစ္စရေး ခြေလျင်တပ်နှင့် သံချပ်ကာတပ်များက ဂါဇာကမ်းမြောင်နယ်စပ်တွင် အင်အားစုစည်းနေပြီဖြစ်ပြီး မြေပြင်တိုက်စစ်ကို တာဝန်ယူမည့် အစ္စရေးတောင်ပိုင်းစစ်ဌာနချုပ်က အားလုံးအသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များကို ပံ့ပိုးရန် အစ္စရေးက အရန်တပ်ဖွဲ့ဝင် (၁၆,၀၀၀) ကို အရေးပေါ်စုစည်းထားပြီဖြစ်ကြောင်း ဆိုသည်။

အစ္စရေး တိုက်လေယာဉ်နှင့်တင့်ကားများ ၁၃ ရက်ညပိုင်းက ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ Beit Hanoun နှင့် Jabalia ကို လေကြောင်းတိုက်ခိုက်မှု၊ အမြောက်ကျည်ပစ်လွှတ်မှုများနှင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူ (၁၁)ဦး သေဆုံးခဲ့ပြီး လူပေါင်းဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာကို ပြောသည်။

ယခုကာလများတွင် အစ္စရေးနှင့်ဂါဇာကမ်းမြောင်လက်နက်ကိုင်တို့အကြား ပဋိပက္ခပြင်းထန်စွာ ရက်ဆက် ဖြစ်ပွားလျက်ရှိသည်။ ယနေ့အထိ ဂါဇာကမ်းမြောင်လက်နက်ကိုင်များက အစ္စရေးကို ဒုံးကျည် အလုံး(၂,၀၀၀)နီးပါး ပစ်ခတ်ခဲ့ရာ အစ္စရေးဘက်မှ လူ (၇)ဦး သေဆုံးခဲ့ပြီး လူပေါင်း (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို ဂါဇာကမ်းမြောင်လက်နက်ကိုင်အဖွဲ့၏ ပစ်မှတ်(၇၅၀)ကျော်ကို အစ္စရေးက လက်တုန့်ပြန်ရန် လေကြောင်းတိုက်ခိုက်မှု၊ အမြောက်ကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း (၁၀၃) ဦး သေဆုံးခဲ့ပြီး လူပေါင်း(၅၈၀)ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူက မေ ၁၃ ရက်ညပိုင်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားမှုကို နိုင်ငံတကာအသိုက်အဝန်းက အထူးအနီးကပ် အာရုံစိုက် စောင့်ကြည့်လျက်ရှိသည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မေ ၁၂ ရက်တွင် ပါလက်စတိုင်းအခြေအနေနှင့်ပတ်သက်၍ ယခုအပတ်အတွင်း ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ကိုယ်စားလှယ် ကျန်းကျွင်းက ပါလက်စတိုင်းအခြေအနေကို တရုတ်နိုင်ငံက အထူး ဂရုစိုက်ကြောင်း၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြင်သစ်နိုင်ငံက ဂျာမနီ၊ အီဂျစ်၊ ဂျော်ဒန် စသည့်နိုင်ငံများနှင့်အတူ ဘက်ပေါင်းစုံဆွေးနွေးမှုများ ပြန်လည်ဆောင်ရွက်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

————————————
(Chinese Version)
(国际)哈马斯警告以色列军队勿在加沙地带发动地面战
2021-05-14 07:50:07
新华社加沙5月13日电(记者熊思浩)巴勒斯坦伊斯兰抵抗运动(哈马斯)下属武装派别卡桑旅13日晚警告说,以色列军队不要在加沙地带发动任何地面行动,否则将面临“残酷的教训”。
巴勒斯坦媒体援引卡桑旅发言人阿布•乌拜达的话报道说,加沙地带武装组织当晚向以南部城市阿什凯隆和阿什杜德发射了90枚火箭弹。他同时警告以军不要入侵加沙地带,否则只会增加死亡和被俘虏的机会,巴方已做好回击敌人的准备。
据以色列媒体报道,以色列步兵和装甲部队正在加沙地带边境集结,以军承担地面作战主要任务的南部军区已完成各项准备。此外,以色列紧急征召1.6万名预备役人员,以协助野战部队作战。
目击者在接受新华社记者采访时说,以军战机和坦克13日晚向加沙地带北部的拜特哈嫩镇和杰巴利耶镇发动空袭和炮击,至少造成11人死亡、数十人受伤。
连日来,以色列与加沙地带武装爆发严重冲突。加沙地带武装人员迄今向以色列发射近2000枚火箭弹,造成以方7人死亡、100多人受伤。以军随即展开报复行动,空袭和炮击加沙地带武装组织750多个目标。加沙地带卫生部门发言人阿什拉夫•齐德拉13日晚说,以军的空袭和炮击共造成巴方103人死亡、580人受伤。
巴以冲突引发国际社会严重关切。联合国安理会12日就巴勒斯坦局势举行本周以来的第二次紧急磋商。中国常驻联合国代表张军表示中方对当前巴勒斯坦形势深表关切,强烈谴责针对平民的暴力。此外,法国正在与德国、埃及、约旦等国共同致力于促使各方恢复对话。(完)
图说1: 5月12日,以色列炮兵在以色列南部城市斯代罗特向加沙地带目标射击。新华社/基尼图片社
图说2:5月13日,加沙地带拉法遭以色列空袭后升起浓烟。新华社发(哈利德•奥马尔摄)
图说3:5月13日,在加沙地带城市拉法,在空袭中受伤的巴勒斯坦儿童接受治疗。新华社发(哈利德•奥马尔摄)
图说4:5月13日,在加沙地带城市拉法,在空袭中受伤的巴勒斯坦儿童接受治疗。新华社发(哈利德•奥马尔摄)
图说5:5月13日,加沙地带拉法遭以色列空袭。 新华社发(哈利德•奥马尔摄)
图说6:5月13日,救援人员在加沙地带城镇拜特拉希亚遭以军空袭的废墟中搜救。 新华社发(里泽克•阿卜杜勒•贾瓦德摄)