ဂျကာတာ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ West Nusa Tenggaraပြည်နယ် Lombok ကျွန်းအနီးပင်လယ်ပြင်တွင် သြဂုတ် ၁၉ ရက် ညပိုင်းက ပြင်းအား ၇ အဆင့် ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံး ဒဏ်ရာရသူနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ရီယာ့ဒ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) ပြင်းထန်သော လျှပ်စီးတိမ်တောင်များနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် မက္ကာမြို့တော်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ချေရှိကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မိုလေဝသဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်ဟု Al Akhbariya ဒေသတွင်းရုပ်သံက သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် သြဂုတ်လ ၁၈ ရက် အစောပိုင်းက Disney Fantasia Gardens ရှိ အသေးစား ဂေါက်ကွင်းလမ်းကြောင်းအနီးတွင် မီးလောင်နေသော ယာဉ်အတွင်း လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းများအရ သိရသည်။
စူဗား၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ Ndoi ကျွန်း၏ မြောက်အရှေ့မြောက်ဘက် ၂၉၁ ကီလိုမီတာ၌ သြဂုတ်လ ၁၉ ရက် ဂရင်းနစ်စံတော်ချိန် ၀၀ း ၁၉ း ၃၇ နာရီက ပြင်းအား ၈.၂ ပမာဏရှိသော အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ကြောင်း...
အက်ခ်ရာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် (Kofi Annan) သည် သြဂုတ်လ ၁၈ ရက်က ဆွစ်ဇာလန်နိုင်ငံရှိ ဆေးရုံ၌ ကွယ်လွန်သွားပြီဖြစ်ကြောင်း ဂါနာနိုင်ငံ မီဒီယာများစွာက အတည်ပြု သတင်းရေးသားထားသည်။
ဒါကာ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Bandarban, Rangamati နှင့် Khagrachari တောင်ကြားခရိုင် သုံးခုပေါင်းဆုံသော စစ်တကောင်း (Chittagong) တောင်ကုန်းနယ်မြေများတွင် သြဂုတ်လ ၁၈ ရက်က နိုင်ငံရေးပါတီတစ်ခု၏ ပြိုင်ဘက်အုပ်စု နှစ်ခုအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ဒေသခံနိုင်ငံရေးခေါင်းဆောင်တစ်ဦး အပါအဝင် လူ...
အစ္စလာမ်မာဘတ်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ခရစ်ကတ်ကစားသမားဘဝမှ နိုင်ငံရေးဘက်ကူးပြောင်းလာသူ အီမရန်ခန်း (Imran Khan) သည် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် သြဂုတ်လ ၁၈ ရက် နံနက်ပိုင်းက ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်တွင် ရာစုနှစ်တစ်ခုနီးပါးအတွင်း အဆိုးဝါးဆုံးမိုးရွာသွန်းမှုကြောင့် ယခုနှစ် မေလမှစ၍ လူပေါင်း ၃၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဟူစတန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် အိုကလာဟိုးမားမြို့ အရှေ့မြောက်ဘက် ၄၅ကီလိုမီတာခန့် ရှိ လူသာမြို့ အထက်တန်းကျောင်းတစ်ကျောင်း ၌ ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည့် သြဂုတ် ၁၆ ရက်တွင် အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦး ဓားဖြင့် အချက်ပေါင်းများစွာ အထိုးခံခဲ့ရကြောင်း သိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Atal Bihari Vajpayee သည် သြဂုတ် ၁၆ ရက်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ၎င်းတက်ရောက်ခဲ့သည့် ဆေးရုံ၏ ထုတ်ပြန်ချက်အရ သိရသည်။