ဟနွိုင်း၊ဧပြီ ၅ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအမျိုးသားညီလာခံ(NA)က ဝန်ကြီးချုပ် ငုယင်စွမ်းဖု(Nguyen Xuan Phuc) အား နိုင်ငံ၏သမ္မတသစ်အဖြစ် ယနေ့ ဧပြီ ၅ ရက်တွင် ရွေးချယ်တင်မြှောက်လိုက်ကြောင်း သိရသည်။
ဂျကာတာ၊ဧပြီ ၅ ရက်(ဆင်ဟွာ)
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း အရှေ့ Nusa Tenggara ပြည်နယ်တွင် ယနေ့နံနက်အစောပိုင်းတွင် ရုတ်တရက်ရေကြီးမှုများ နှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၂၀ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရသွားကြောင်း နှင့် အခြား ၅ ဦးပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဆိုသည်။
နယူးဒေလီ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံအလယ်ပိုင်း Chhattisgarh ပြည်နယ်၌ “Naxals” ဟု အမည်ရသည့် လက်နက်ကိုင်သူပုန်များ နှင့်ရင်ဆိုင် တိုက်ခိုက်မှုတစ်ခုအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးပြီး အခြားအများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ယနေ့ ဧပြီ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဂျကာတာ၊ဧပြီ ၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်တွင် လူနေအိမ်ထောင်ပေါင်းများစွာ ရေကြီးနစ်မြုပ်လျက်ရှိကြောင်း ၊ သို့သော်လည်း ရေများပြန်ကျနေပြီဖြစ်ကြောင်း နှင့် အိမ်တွင်းရေဝင်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ရသူများမှာလည်း မိမိနေအိမ်သို့ ပြန်နေကြပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ဧပြီ ၄ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဧပြီ ၃ ရက်က မီးလောင်မှုကြောင့် သုံးထပ်လူနေအိမ်တစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူ ၅ ဦးသေဆုံးသွားကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ မြောက်ကယ်ရိုလိုင်းနားပြည်နယ် ဝယ်လ်မင်တန်မြို့တွင် ဧပြီ ၃ ရက်နံနက်အစောပိုင်း အိမ်တွင်းပါတီပွဲတစ်ခု ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝယ်လ်မင်တန်ရဲဌာန တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင် တားဆီးထိန်းသိမ်းထားသည့် တရားမဝင်နယ်စပ်ဖြတ်ကျော်သူဦးရေသည် မတ်လပိုင်းတွင် (၁၇၁,၀၀၀) ကျော်ရှိရာ ၎င်းမှာ နှစ်ပေါင်း (၂၀)ကာလ၌ တစ်လအတွင်း လူဦးရေအများဆုံးအဖြစ် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ကနဦးကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လွှတ်တော်အဆောက်အအုံ (Capitol) အနီး ဧပြီ ၂ ရက် မွန်းလွဲပိုင်း၌ အတားအဆီးများအား အမျိုးသားတစ်ဦးက ကားတစ်စီးဖြင့် ဝင်တိုက်ပြီး နှစ်နာရီခန့်အကြာတွင် ယင်းနေရာသို့ ဝင်ထွက်ခွင့် ပိတ်ပင်ထားခြင်းကို ဖြေလျှော့ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် ရဲအရာရှိတစ်ဦးသေဆုံးပြီး...
မွန်ရိုးဗီးယား၊ ဧပြီ ၂ ရက် (ဆင်ဟွာ) လိုက်ဘေးရီးယားနိုင်ငံ အရှေ့တောင်ဘက်ပိုင်း မေရီလန်းကောင်တီရှိ အကျဉ်းထောင်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသား ၉၀ ဦးအား စတင်ရှာဖွေလျက်ရှိကြောင်း ရဲအရာရှိက ဧပြီ ၁ ရက်၌ ပြောကြားခဲ့သည်။