ဂျကာတာ၊ဧပြီ ၁ ရက်(ဆင်ဟွာ)အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ဌာနချုပ်ဝင်းထဲသို့ ပြေးဝင်သွားသော အကြမ်းဖက်သမားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ TVone ရုပ်သံလိုင်းက ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။
လော့စ်အိန်းဂျလိစ်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့လယ်ခေါင်မှာ အရှေ့တောင်ဘက် ၅၅ ကီလိုမီတာအကွာရှိ အောရိန်းမြို့တွင် မတ် ၃၁ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြား ၂ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ပြည်တွင်း NBC...
မော်စကို ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီက ၂၀၂၄ ခုနှစ်မှ စတင်ကာ လက်ရှိ သမ္မတပူတင်အား နောက်ထပ် သက်တမ်း နှစ်ကြိမ် တာဝန်ထမ်းဆောင်ခွင့်ပြုရန် ဥပဒေကြမ်းတစ်ရပ်အား မတ် ၃၁ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ဆန်ဒီယာဂို ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံသမ္မတ Sebastian Pinera က ချီလီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထုတ် CanSino COVID-19 ရောဂါကာကွယ်ဆေးဝယ်ယူရေး သဘောတူညီမှု စာချုပ်ကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း မတ်လ ၃၀ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဂျကာတာ ၊ မတ် ၃၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့(Densus 88) အနေဖြင့် အနောက်ဂျာဗားပြည်နယ် Bekasi ခရိုင်တွင် အကြမ်းဖက်သံသယရှိသူတစ်ဦး နှင့် အရှေ့ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမြို့တော်၏ Kramat Jati ခရိုင်တွင် အခြား အကြမ်းဖက်သံသယရှိသူနှစ်ဦးကို မတ် ၂၉ ရက်တွင် အသီးသီး...
မော်စကို ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ နွေရာသီကာလ နှောင်းပိုင်းတွင် COVID-19 တိုက်ဖျက်ရေးအတွက် လူအများကြား ကိုယ်ခံအားစနစ် ရရှိနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဂျာကာတာ ၊ မတ် ၂၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း South Sulawesi ပြည်နယ်၏ မြို့တော် Makassar မြို့၏ဆိပ်ကမ်း၌ တည်ရှိသော ခရစ်ယာန်ဘုရားကျောင်းတစ်ခုအပြင်ဖက်၌ ယနေ့ မတ် ၂၈ ရက် နံနက်ပိုင်းတွင် သံသယဖြစ်ဖွယ် လူနှစ်ဦးသည် အသေခံဗုံးခွဲမှုကျူးလွန်ခဲ့ရာ လူ ၁၄ ဦးထက်မနည်း...
ဝါရှင်တန်၊မတ် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအရှေ့ပိုင်း ဗာဂျီးနီးယားပြည်နယ် ဗာဂျီးနီးယားပင်လယ်ကမ်းခြေ၌ မတ် ၂၆ ရက် ညပိုင်းက အနည်းဆုံး ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များက မတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့တွင် မတ် ၂၅ ရက် ညပိုင်း၌ ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ပြီး လူ ၃ ဦးမှ ၄ ဦးခန့် ယင်းဆေးရုံထဲတွင် ပိတ်မိနိုင်ကြောင်း...
ပေကျင်း၊ မတ် ၂၅ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံ ရှေ့ပိုင်းဒေသများတွင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ရာ ဆစ်ဒနီမြို့တွင် ၂၃ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့သည်။ ယင်းမြို့နေပြည်သူများကို ရေဘေးအပြီး သတိပေးအကြောင်းကြားစာများ ပေးပို့ခဲ့ရာတွင် ကမ္ဘာ့အဆိပ်အပြင်းဆုံး ပင့်ကူတစ်မျိုးဖြစ်သည့် Funnel-web Spiderများသည် နေအိမ်များထဲသို့ ဝင်လာနိုင်ကြောင်း ဆိုသည်။