ဟနွိုင်း ၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ လူဦးရေမှာ ဖြည်းဖြည်းမှန်မှန် ဆက်လက်တိုးတက်လျက်ရှိနေပြီး လာမည့် ၂ဝ၂၅ ခုနှစ်တွင် ခန့်မှန်းခြေ သန်း ၁ဝဝ ဦး ထိရှိလာနိုင်ကြောင်း ဗီယက်နမ်ပြည်သူ့ရေးရာမူဝါဒ နှင့် စီမံခန့်ခွဲမှုအဖွဲ့(IPPM) က ဇန်နဝါရီလ ၅ရက်တွင် သတင်းထုတ်ပြန်သည်။
ပဲရစ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ) အသက် ၁၀၅ နှစ်အရွယ် ပြင်သစ် စက်ဘီးသမား ရောဘတ် မာချန့် (Robert Marchand) သည် စက်ဘီးပြိုင်ပွဲ ၌ စံချိန်ချိုးခဲ့ကြောင်း ဒေသခံ သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ငလျင်ဒဏ်ခံ ရှေးဟောင်း ဘုရား၊ စေတီ၊ ပုထိုးများအား ပြည်တွင်း/ပြည်ပ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ၊ တစ်ဦးချင်း အလှူရှင်များ ခေါ်ယူ၍ ဌာနမှ ပြုပြင်ခြင်းများဖြင့် ဆောင်ရွက်လျက် ရှိရာ ၇၈ ဆူ...
ရာဘက်၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ) မော်ရိုကိုနိုင်ငံ အရှေ့မြောက်ပိုင်း နာဒေါမြို့ ကမ်းရိုးတန်းအလွန်တွင် တရားမဝင်ရွှေ့ပြောင်းဒုက္ခသည်များ၏ ရာဘာလှေတိမ်းမှောက်ခဲ့ရာ အာဖရိကတိုက် sub-Sahara ဒေသမှ အာဖရိကလူမျိုး ၄၅ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးတစ်ဦးအပါအဝင် လူသုံးဦး ၏ ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၅ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ ဒေသတွင်းနေ့စဉ်သတင်းစာ တစ်စောင်တွင် အလုပ်လုပ်နေသည့် သတင်းထောက်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း တာဝန်ရှိသူများက ဇန်နဝါရီ ၄ရက်တွင် ပြောကြားခဲ့သည်။