လန်ဒန်၊ သြဂုတ် ၂၁ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ BYD ကားကုမ္မဏီက ထုတ်လုပ်သည့် လျှပ်စစ်ဘတ်စ်ကားများကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် စတင်အသုံးပြုလျက်ရှိပြီဖြစ်သည်။ လန်ဒန်တွင်လည်း လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မည့်အစီအမံများ ဆောင်ရွက်လျက်ရှိသောကြောင့် အဆိုပါ လျှပ်စစ်ဘတ်စ်ကားများကို စတင်သုံးစွဲလာခြင်းဖြစ်သည်။ လေထုညစ်ညမ်းမှုကိုကာကွယ်နိုင်ပြီးအားပြန်သွင်းကာအသုံးပြုနိုင်သည့် အားသာချက်ရှိသည့် အပြင် ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိကာ သက်တောင့်သက်သာရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံ BYD မှ...
ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံတွင်ကျင်းပလျက်ရှိသော (၂၉)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင် သြဂုတ်လ ၂၁ရက်နေ့လည်အထိ ရလဒ်များအရ မြန်မာနိုင်ငံသည် ရွှေ ၂ဆု၊ ငွေ၂ဆုနှင့် ကြေးတစ်ဆု ရရှိပြီးဖြစ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲက ထုတ်ပြန်ချက်အရ သိရသည်။
စကိုးပီးယား၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) မက်ဆီဒိုးနီးယားနိုင်ငံ ဗီးလ်လက်စ်မြို့အနီးရှိ အဝေးပြေးလမ်းပေါ်တွင် ပြည်ပခရီးသွားဧည့်သည်များ တင်ဆောင်လာသည့် ဘတ်စ်ကား တစ်စီး သြဂုတ်လ ၂၀ ရက် ညပိုင်းက တိမ်းမှောက်သွားရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အခြားခရီးသည် ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖရီးတောင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ဆီယာရာလီယွန်နိုင်ငံတွင် သြဂုတ်လ ၁၄ ရက်က ရွှံ့မြေပြိုကျမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် ရုပ်အလောင်း ၄၉၉ ဦး ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ဒေသခံ မီဒီယာ သြဂုတ်လ ၂၀ ရက်တွင် သတင်းတင်ပြထားသည်။
ပေကျင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ကွန်ဂိုနိုင်ငံတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀၀ ဦး သေဆုံးခဲ့ခြင်းအတွက် ကွန်ဂို သမ္မတထံ တရုတ် သမ္မတ ရှီကျင့်ဖိန်က ဝမ်းနည်းကြောင်း သတင်းစကား ပြောကြားလိုက်သည်။