Connect with us

Politics, Law & Military

ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများနှင့် ဒါရိုက်တာများ အမည်စာရင်း လွှတ်တော်သို့တင်ပြ

မြန်မာနိုင်ငံ ဗဟိုဘဏ်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

သက်တမ်း ကုန်ဆုံး၍ လစ်လပ်လာတော့မည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌများနှင့် ဒါရိုက်တာ အဖွဲ့ဝင် ရာထူးနေရာများတွင် ခန့်အပ်တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို နိုင်ငံတော် သမ္မတက အဆိုပြုကာ ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့ သည်။

ဒုတိယ ဥက္ကဋ္ဌ သုံးဦး အဖြစ် — ဦးစိုးမင်း ( ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်)၊ ဦးစိုးသိန်း (အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် လီမိတက်)၊ ဦးဘိုဘိုငယ် (ဒါရိုက်တာ အဖွဲ့ဝင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်) တို့ ဖြစ်ကြပြီး ဒါရိုက်တာ အဖွဲ့ဝင် ငါးဦး အဖြစ် — ဦးကျော်မင်းထွန်း (ဒါရိုက်တာ အဖွဲ့ဝင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်)၊ ဦးမြင့်သိန်းထွန်း( ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး)၊ ဦးစိုးပိုင် [ဒုတိယ အထွေထွေ မန်နေဂျာ- ဘဏ္ဍာရေး (ငြိမ်း)၊ မြန်မာ့ မီးရထား]၊ ဒေါ်ရီရီဝင်း [ညွှန်ကြားရေးမှူး (ငြိမ်း)၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး]၊ ဒေါ်ခင်မေလှ [ဒုတိယ ပါမောက္ခချုပ် (ငြိမ်း)၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်] တို့ ဖြစ်ကြကြောင်း ယနေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီး ကိုယ်စားလှယ်များအား ဖြန့်ဝေသော စာတွင် ဖော်ပြ ပါရှိသည်။

သမ္မတ၏ အဆိုပြု တင်ပြချက်နှင့် ပတ်သက်ပြီး ကန့်ကွက် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြ ဆွေးနွေးနိုင်ရန် ဇူလိုင်လ ၂၅ ရက်နေ့ နေ့လယ် ၁ း ၀၀ နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း ပေးသွင်းကြရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.