ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) အာဆီယံ ပြည်သူ့ဖိုရမ် ၂၀၁၅ ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ဧပြီလ ၂၁ ရက်မှ ၂၄ ရက်အတွင်း ကျင်းပမည်ဖြစ်ကြောင်း ဖိုရမ်ကျင်းပရေးကော်မတီက ထုတ်ပြန်သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ) မြေငှားစာချုပ် လျှောက်ထားခြင်းနှင့် လျှောက်ထားမှု မပြုခြင်းတို့သည် မြေအသုံးချသူ၏ သဘောဆန္ဒအတိုင်း လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် ကိစ္စရပ်ဖြစ်၍ မြေငှားစာချုပ် လာရောက် လျှောက်ထားခြင်း မရှိသည်များကို သွားရောက်စစ်ဆေးပြီး မြေငှားစာချုပ်ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေး၍ မရနိုင်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးတင့်မှ ယနေ့ ပြည်သူ့လွှတ်တော်...
ပေကျင်း၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) တရုတ်-အာဆီယံ ရေးရာ ပညာရှင် ရွှီနင်းနင်း(Xu ningning)က ၂၀၁၅ ခုနှစ်သည် အာဆီယံ အသိုက်အဝန်း အတွက် အရေးကြီးသည့် အပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ကို ရင်ဆိုင်ရမည် ဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် အရှေမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွ့ဲတို့ တိုက်ပွဲများ ပြင်းထန်နေ၍ အဆိုပါ ဒေသကို အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာအာဏာပိုင်မှ ထုတ်ပြန်လိုက်သည်။