ရှမိန်၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ရှမိန်တွင် ကျင်းပလျက်ရှိသည့် BRICS ထိပ်သီးအစည်းအဝေးတွင် တရုတ် သမ္မတရှီကျင့်ဖိန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည့် မြင်ကွင်းအပြည့်အစုံကို အောက်ပါ link တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။(Xinhua)
ရှမိန်၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ တရုတ်နိုင်ငံအရှေ့ပိုင်း ရှမိန်တွင်ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန် ဘရာဇီးနိုင်ငံသမ္မတ Michel Temer သည် စက်တင်ဘာလ ၃ ရက်နေ့ တွင် ရှမိန်မြို့သို့ရောက်ရှိခဲ့သည်။ (Xinhua)
ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် လူပေါင်း ၃ဘီလီယံကျော် အကျိုးအမြတ်များ ဖြစ်ထွန်းခဲ့ကြောင်း စက်တင်ဘာ ၃ ရက်က ရှမိန်မြို့တွင် ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ရှမိန်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖူကျန်းပြည်နယ် အရှေ့တောင်ပိုင်း ရှမိန်မြို့တွင် စက်တင်ဘာ ၃ ရက်၌ ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများ အား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
အူရမ်ကွီ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) ရှင်းကျန်း ယူအီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် အူရမ်ကွီမြို့ရှိ အကောက်ခွန်ဗျူရိုမှ ရရှိသည့် နောက်ဆုံးကိန်းဂဏန်းအချက်အလက်များအရ ၂၀၁၇ခုနှစ်အတွင်း ယင်းဒေသနှင့် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာကြောင်း သိရသည်။