Connect with us

Africa & Middle East

လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းအပေါ် တုံ့ပြန်သည့်အနေဖြင့် အစ္စရေး တိုက်လေယာဉ်များ ဂါဇာကို တိုက်ခိုက်

ဟားမက်စ်တို့ အခြေစိုက်နေသည့် ဂါဇာဒေသကို အစ္စရေးတိုက်လေယာဉ်များက ပစ်ခတ်တိုက်ခိုက်နေသည်ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂါဇာ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

အစ္စလာမ်မစ်ဟားမက်စ်အဖွဲ့က သိမ်းပိုက်ထားသော ဂါဇာမှ အစ္စရေးနိုင်ငံသို့လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်အား တုံ့ပြန်သည့်အနေဖြင့် အစ္စရေး ဂျက်တိုက်လေယာဉ်များသည် ဂါဇာဒေသအား ဇွန်လ ၂၇ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ၊ သို့သော် ထိခိုက်ဒဏ်ရာရသည့် သတင်းများ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

လုံခြုံရေး နှင့် ကျန်းမာရေး သတင်းအရင်းအမြစ်များ အဆိုအရ အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် အနောက်ဂါဇာမြို့အနီး နှင့် တောင်ဘက်ဂါဇာကမ်းမြောင် တို့တွင် ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဂါဇာ ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Ashraf al-Qedra က သတင်းသမားများအား ပြောကြားရာတွင် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း နှင့် အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ များ အလျင်အမြန်သွားရောက်နေပြီဖြစ်ကြောင်း ဆိုသည်။

ဂါဇာမှ အစ္စရေးနိုင်ငံသို့ဇွန်လ ၂၅ ရက် ညနေပိုင်းတွင် လက်နက်ကြီးတစ်ခု ပစ်ခတ်ခဲ့ကြောင်း ၊ အဆိုပါ လက်နက်ကြီး ကျည်ဆံသည် လူသူမရှိသည့် နေရာသို့ကျရောက်ခဲ့ကြောင်း နှင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း အစ္စရေး အသံလွှင့်ဌာန ၏ သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.