Connect with us

North America

အမေရိကန် နိုင်ငံ အမြင့်ဆုံး တရားရုံး က ဒေါ်နယ်ထရမ့် အစိုးရ ၏ လူဝင်မှု ကန့်သတ်ချက် ဥပဒေ သစ်အချို့ ရပ်ဆိုင်းခံထားရမှု ကို ပြန်လည်ခွင့်ပြုပေးခဲ့

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အမြင့်ဆုံး တရားရုံး က ဇွန်လ ၂၆ ရက်နေ့၌ ဒေါ်နယ်ထရမ့် အစိုးရ ၏ လူဝင်မှု ကန့်သတ်ချက် ဥပဒေ သစ်အချို့ ကို ရပ်ဆိုင်းခံထားရမှု ကို ပြန်လည်ခွင့်ပြုပေးခဲ့ပြီး ယခုနှစ် အောက်တိုဘာလပိုင်းတွင် ယင်း လူဝင်မှု ကန့်သတ်ချက် ဥပဒေသစ် ကို တရားဝင်မှုရှိမရှိ အတည်ပြု စစ်ဆေးသွားမည် ဟု ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ အမြင့်ဆုံး တရားရုံး မှ ထုတ်ပြန်ခဲ့သည့် ဥပဒေ အကြံပြုစာ တွင် ဒေါ်နယ်ထရမ့် အစိုးရ ၏ လူဝင်မှု ကန့်သတ်ချက် ဥပဒေသစ်ကို စစ်ဆေးရန် သဘောတူကြောင်း နှင့် ဖက်ဒရယ်တရားရုံး မှ ချမှတ်ခဲ့သည့် လူဝင်မှု ကန့်သတ်ချက် ဥပဒေသစ် အချို့ကို ရပ်ဆိုင်းသည့် အမိန့်ကို ပယ်ဖျက်ကြောင်း ပါဝင် ခဲ့သည်။

ယင်း ဥပဒေ အကြံပြုစာ အရ လူဝင်မှု ကန့်သတ်ချက်တွင် အမေရိကန် နိုင်ငံအတွင်း လူ သို့မဟုတ် ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှု နှင့် တိုက်ရိုက်ပတ်သက်မှု ရှိသည့် နိုင်ငံခြားသားများကို အမေရိကန် နိုင်ငံ သို့ဝင်ရောက်ခြင်း အား မကန့်သတ်ရန် ပါဝင်ခဲ့သည်။ သို့သော် အမေရိကန် နိုင်ငံ သို့မရောက်ရှိဖူးသော ၊ အမေရိကန် နိုင်ငံတွင် ဆွေမျိုးများမရှိသော ၊ လုပ်ငန်းသက်ဆိုင်ရာ နှင့် အခြားပတ်သက်ဆက်နွယ်မှု မရှိသော နိုင်ငံခြားသားများ ကို အမေရိကန် နိုင်ငံ သို့ဝင်ရောက်မှု ကို ယာယီကန့်သတ်ထားနိုင်ကြောင်း ပါဝင်ခဲ့သည်။

ဥပဒေ အကြံပြုစာ သည် အမေရိကန် အမြင့်ဆုံး တရားရုံး၏ ထိရောက်သော သဘောထားအမြင်ကို ကိုယ်စားပြုသော်လည်း အကြုံပြုစာ တွင် တရားသူကြီးများ၏ လက်မှတ်များ ရေးထိုးထားခြင်းမရှိကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယင်းသဘောထားအမြင်ကို အနည်းဆုံး တရားသူကြီး ၃ ဦး တို့မှ သဘောမတူကြဘဲ လူဝင်မှု ကန့်သတ်ချက် ဥပဒေသစ် ကို လုံးဝရပ်ဆိုင်းစေလိုကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် သည် ယခုနှစ် ဇန်နဝါရီ လပိုင်းတွင် လူဝင်မှု ကန့်သတ်ချက် အမိန့်ကြေညာချက် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး အီရန် ၊ ဆူဒန် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆိုမာလီယာ ၊ ယီမင် နှင့် အီရတ် နိုင်ငံ မှ ဒုက္ခသည် များကို အမေရိကန် နိုင်ငံ သို့ဝင်ရောက်ခွင့် ကို ယာယီကန့်သတ်ခဲ့သော်လည်း ဖက်ဒရယ် တရားရုံး က ယင်းဥပဒေသစ် ကို ရပ်ဆိုင်း ခဲ့သည်။ မတ်လပိုင်းတွင် ဒေါ်နယ်ထရမ့် မှ လူဝင်မှု ကန့်သတ်ချက် ဥပဒေသစ် တစ်ခု ထပ်မံ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ကန့်သတ်နိုင်ငံများတွင် အီရတ် နိုင်ငံ ကိုဖယ်ရှားခဲ့ပြီး အချက်အလက်များစွာ ကိုပြင်ဆင်ခဲ့သော်လည်း ဖက်ဒရယ် တရားရုံး၏ ရပ်ဆိုင်းမှု ကို ထပ်မံ ခံခဲ့ရသည်။ ထိုနောက်တွင် ဒေါ်နယ်ထရမ့် အစိုးရ အမေရိကန် နိုင်ငံ အမြင့်ဆုံး တရားရုံး သို့ ယခင် အမိန့်ချမှတ်ချက်များအားလုံး ကို ပယ်ဖျက်ပေးရန် အယူခံဝင်ခဲ့ပြီး လူဝင်မှု ကန့်သတ်ချက် ဥပဒေ ကို အသက်သွင်းရန် ဆောင်ရွက် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.