Connect with us

Videos

ရထားလမ်းဆောက်လုပ်ရေးစက်ကြီး ဖြင့် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်၏အဓိကလမ်းပိုင်းဖောက်လုပ်

နင်းရှ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အလုပ်သမားများက ရထားလမ်းဆောက်လုပ်ရေး စက်ကြီးကို အသုံးပြုကာ မြန်နှုန်းမြင့် ရထားလမ်းကွန်ရက်၏ အဓိက ကျသည့် အစိတ်အပိုင်းအား စတင်တည်ဆောက် လျက်ရှိကြောင်းသိရသည်။ ၂၁၈ ကီလိုမီတာ အရှည်ရှိသည့်အဆိုပါ ရထားလမ်းတွင် မြန်နှုန်း တစ်နာရီလျင် ၂၅ဝ ကီလိုမီတာ ဖြင့် မောင်းနှင်သွားလာနိုင်သည်။ အဆိုပါ ရထားလမ်းကို ၂ဝ၂၂ ခုနှစ်တွင်ဖွင့်လှစ်မည်ဖြစ်ပြီး နင်းရှ မြို့တော် ရီချွမ်ရှိ ကျုံးဝေနှင့်ဆက်စပ်ထားသော မြန်နှုန်းမြင့်ရထားလမ်းပိုင်းနှင့်ဆက်သွယ် ချိတ်ဆက်မည်ဖြစ်သည်။ ထိုရထားလမ်းပြီးစီးပါက သွားလာရန်ကြာမြင့်ချိန်ကို ၁ဝ နာရီမှ ၂ နာရီအထိ လျှော့ချပေးမည်ဖြစ်သည်။ ထို ရထားလမ်းသည် တရုတ်နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ အလယ်ပိုင်း နှင့် အရှေ့ပိုင်းဒေသများသို့ ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့် ရထားသယ်ယူပို့ဆောင်ရေး ကွန်ရက်၏ အဓိက ကျသည့် အစိတ်အပိုင်းလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.