Connect with us

Culture & Entertainment

ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ဖျော်ဖြေပွဲကျင်းပမည်

ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲနှင့် ဖျော်ဖြေပွဲအတွက် အနုပညာရှင်များလေ့ကျင့်နေစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့်အနေဖြင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စီစဉ်တင်ဆက်သည့် ”သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင်ခေတ်အသွင်” ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြပွဲနှင့် ”ယှဉ်ပြိုင်တေးစကား လေဒီစတား” ဖျော်ဖြေပွဲကို ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖျော်ဖြေပွဲတွင် ပါဝင်တင်ဆက်သွားမည့် အစီအစဉ်များကို ဒေါ်မြတ်မြတ်ဦး၊ ဂျွန်လွင်(Star Event Production)နှင့် ဦးမေတ္တာ၊ အကယ်ဒမီ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ ဒေါ်ခင်လှမြင့်(ခင်မေခ)နှင့် အနုပညာရှင်များစွာတို့က ပူးပေါင်းကာ ပုံဖော်တင်ဆက်ဖျော်ဖြေသွားမည်ဟု သိရသည်။

လူကြီး၊ လူငယ်အရွယ်စုံ ပရိသတ်များအတွက်ရည်ရွယ်ပြီး တင်ဆက် ကပြခြင်းဖြစ်သည့်အတွက် ရသစုံပေးနိုင်ရန် ပထမပိုင်းနှင့် ဒုတိယပိုင်း နှစ်ပိုင်း ခွဲကာ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖျော်ဖြေရာ တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်မှ နိုင်ငံကျော်အနုပညာရှင်များ၊ မော်ဒယ်များ ကလည်း အားဖြည့်ပါဝင်ကူညီပေးထားကြောင်း သိရသည်။

မကြာမီ အမျိုးသားဇာတ်ရုံကြီးတွင် တင်ဆက်ဖျော်ဖြေမည့် အဆိုပါ ”သမိုင်းအစဉ်အဆက် ယဉ်ကျေးမှုမပျက် မြတ်နိုးဆင်ယင်ခေတ်အသွင်” ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲတွင် ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်ထုံးဖွဲ့ မှုများ၊ ”ယှဉ်ပြိုင်တေးစကားလေဒီစတား” တစ်ခန်းရပ်ဟာသပြဇာတ်၊ ”ရုပ်ရှင် နှင့်ဂီတ နှစ်ဖက်လှအစီအစဉ်” စသည်တို့ ပါဝင်မည်ဖြစ်ပြီး ယခင်နှစ်များနှင့် မတူ တစ်မူထူးခြားသည့် ဖက်ရှင်ရှိုးများ၊ သီဆို၊ ဖျော်ဖြေတင်ဆင်မှုများ၊ လှပဆန်းပြားသည့်LED အပြင်အဆင်များ၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုကို ထင်ဟပ်ပေါ်လွင်စေမည့် သရုပ်ဖော်ပြကွက်များ၊ သီဆိုဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.