ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပျောက်ဆုံးသွားသော ခရီးသည် ၂၃ ဦးအား တင်ဆောင်လာသည့် လေယာဉ်သည် နီပေါနိုင်ငံ Myagdi ခရိုင်၌ ပျက်ကျခဲ့ကာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူအားလုံး သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ၂၀၁၆ မဟာသြင်္ကန်ပွဲတော် ကာလတွင် မန္တလေးမြို့ ကျုံးပတ်လည်နှင့် ကန်တော်ကြီးတို့၌ သြင်္ကန်မဏ္ဍပ်များ ဆောက်လုပ်ခွင့် လျှောက်လွှာများ စတင်လက်ခံနေပြီဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် အခွန်ဌာထံမှ သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ခရီးသည် ၂၀ဦး နှင့် လေယာဉ်ဝန်ထမ်း ၃ဦး လိုက်ပါစီးနင်းလာသော လေယာဉ်သည် Myagdi ခရိုင် ၌ ပျက်ကျခဲ့သည် ဟု ယုံကြည်ရကြောင်း သိရသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) အများပြည်သူဆိုင်ရာ နေရာများတွင် တရားဝင် မှတ်ပုံတင်ခြင်း မရှိဘဲ မမှန်ကန်သော မော်တော်ယာဉ် နံပါတ်ပြားကို တပ်ဆင်၍ မောင်းနှင်ခြင်း ၊ ရပ်နားထားခြင်းများကို စိစစ် အရေးယူသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
စူဗား၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံသို့ အပူပိုင်း ဆိုက်ကလုန်းမုန်တိုင်း ဝင်စတန် (Winston) တိုက်ခတ်ပြီးနောက် သေဆုံးသူ အရေအ တွက်မှာ ၄၂ ဦးအထိ ရှိလာကြောင်း ပစိဖိတ်ကျွန်းနိုင်ငံ၏ အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုရုံးက ဖေဖော် ဝါရီ ၂၄ ရက်၌ ပြောကြားခဲ့သည်။