Connect with us

Asia

ဥရောပ ငါးနိုင်ငံ ဗီဇာ ကင်းလွတ်ခွင့် ဗီယက်နမ် လျှော့ပေါ့ပေး

ဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

ဥရောပနိုင်ငံများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန် စသည့် ငါးနိုင်ငံအတွက် ဇူလိုင်လ ၁ ရက်မှ စတင်ကာ ဗီဇာကင်းလွတ်ခွင့် တစ်နှစ် ဆက်လက် ခွင့်ပြုရန် ဗီယက်နမ် အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ဗီယက်နမ်နိုင်ငံ ခရီးသွားလုပ်ငန်း စောင့်ကြည့်ရေးအဖွဲ့က ဇွန်လ ၆ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ဥရောပ ငါးနိုင်ငံအား ၂၀၁၅ ခုနှစ် ဇူလိုင်လမှ စတင်ကာ တစ်နှစ်တာ ဗီဇာဖြေလျှော့ခွင့်ပေးထားခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တစ်ကြိမ် သက်တမ်း တိုးခဲ့ကြောင်း၊ ယခု နောက်တစ်ကြိမ် တစ်နှစ်သက်တမ်း ထပ်မံ တိုးပေးလိုက်ခြင်း ဖြစ်ကြောင်း ဗီယက်နမ် အမျိုးသား ခရီးသွားလုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ငါးလအတွင်း နိုင်ငံတကာ ခရီးသွား ဆိုက်ရောက်မှု ၅.၃ သန်း နီးပါး လက်ခံနိုင်ခဲ့ပြီး မနှစ်က အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၉.၆ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ဥရောပ ခရီးသွား ၈၇၃,၄၀၀ ဦး ဝင်ရောက်ခဲ့ကာ မနှစ်ကထက် ၂၃.၇ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် ငါးလတာ ကာလအတွင်း ဗြိတိန်နိုင်ငံမှ ဧည့်သည် ၁၂၆,၄၀၀ ဦး၊ ပြင်သစ်မှ ၁၂၃,၆၀၀ ဦး၊ ဂျာမနီမှ ၉၄,၂၀၀ ဦး ဗီယက်နမ်နိုင်ငံသို့ လာရောက်ခဲ့သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.