Connect with us

Asia

အိန္ဒိယမြောက်ပိုင်းတွင် အပူဒဏ်ကြောင့် လူ ၁၀ ဦး သေဆုံး

ရေလောင်းချိုးနေသည့် အိန္ဒိယ ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း အပူဒဏ်ကြောင့် သေဆုံးသူမှာ အနည်းဆုံး ၁၀ ဦးရှိကြောင်း အဆင့်မြင့် အရာရှိ တစ်ဦးက ဇွန်လ ၆ ရက်တွင် ပြောကြားလိုက်သည်။

“အပူဒဏ်ကြောင့် ဘန်ဒဲခန်းဒေသတွင် လူ လေးဦး၊ ဘာရိတ်ချ်ခရိုင်ရှိ အဗတ်ဒ်ဒေသတွင် ကလေး ခြောက်ဦး သေဆုံးခဲ့တယ်” ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

၎င်းက ဆက်၍ “ပြည်နယ် တစ်ခုလုံးမှာ အပူဒဏ်ကြောင့် မွေးကင်းစ ကလေးငယ် အများစု အပါအဝင် လူပေါင်းများစွာ ဆေးရုံတက်ခဲ့ရတယ်၊ အဲဒီထဲမှာ အချို့က စိုးရိမ်ရတဲ့ အခြေအနေပါ” ဟု ပြောခဲ့သည်။

မိုးလေဝသဋ္ဌာန၏ အဆိုအရ ဥတာပရာဒတ်ရှ်ပြည်ရှိ အတ်တဝါ၊ မဏိပူရ်၊ အန်နောင်၊ ကန်ပူရ်ဒေသများနှင့် ပြည်နယ်မြို့တော်ဖြစ်သော လပ်ခ်နောင်း စသည်တို့ရှိ အပူချိန်မှာ ၄၆ ဒီဂရီ စင်တီဂရိတ် ဝန်းကျင် ရှိသည်ဟု ဆိုသည်။

ယင်း ပြည်နယ်တွင် ဇွန်လ ၄ ရက်က ၄၈ ဒီဂရီ စင်တီဂရိတ်ဖြင့် အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း၊ ယင်း အပူချိန်မှာ အိန္ဒိယနိုင်ငံတွင် အမြင့်မားဆုံး ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.