Connect with us

Social

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် (၁၁) ခုမြောက် ကို ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်

ရန်ကုန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခု ဖွင့်လှစ်ခဲ့သည့် ကျောင်းဆောင်သစ် သည် (၁၁) ခုမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Wang Xuehong) ၊ ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ခေတ္တ) ဒေါ်ခင်မာဆွေ ၊ လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး ၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ ၏ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် သံရုံး တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

အခမ်းအနား တွင် ရှေးဦးစွာ တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး စက်ခလုပ်နှိပ်ကာ ကျောင်းဆောင်သစ် ဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ကြသည်။ထို့နောက်တွင် ဧည့်သည်တော်များမှ ကျောင်းဆောင်သစ် အား လှည့်လည်ကြည့်ရှု ခဲ့ကြပြီး ကျောင်းဆောင်သစ် နှင့် ပတ်သက်၍ အချက်အလက်များကို မေးမြန်းခဲ့ကြသည်။

လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က အဖွင့်အမှာစကား ပြောကြားရာတွင် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ တွင် ကျောင်းသားပေါင်း ၄၅၀၀ ကျော်ရှိပြီး ကျောင်းဆောင် (၆) ဆောင်သာရှိသည့် အတွက် လိုအပ်ချက်များရှိခဲ့ကြောင်း ၊ ယခု ကဲ့သို့သော လိုအပ်ချက်ကို မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ တစ်ဖက်တစ်လမ်း မှ ကူညီဆောင်ရွက်ပေး ခဲ့သည့် အတွက် အထူး ဝမ်းသာဂုဏ်ယူမိပါကြောင်း ၊ ယခု ကဲ့သို့ ကူညီဖြည့်ဆည်းပေးသည့် အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေး ကို သက်သေပြုသည့် အထိမ်းအမှတ် တစ်ခု ဖြစ်စေပြီး အထူး ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ပုံစာ၄-ကျောင်းဆောင်သစ် အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးစဉ်(ဆင်ဟွာ)

ကျောင်းဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့စဉ်(ဆင်ဟွာ)

ကျောင်းဆောင်သစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့စဉ်(ဆင်ဟွာ)

ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု ခဲ့စဉ်(ဆင်ဟွာ)

လှိုင်သာယာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Wang Xuehong) က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ခေတ္တ) ဒေါ်ခင်မာဆွေ က ကျေးဇူးတင် စကားပြောကြား နေစဉ်(ဆင်ဟွာ)

ကျောင်းအကျိုးတော်ဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မင်း မှ ကျေးဇူးတင် စကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် မှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ ထံ လှူဒါန်းငွေ ကျပ် သိန်း(၁၀၀) ပေးအပ်ခဲ့စဉ် (ဆင်ဟွာ)

Alliance Internation Company မှ အထွေထွေ မန်နေဂျာ ဦးအောင်ဇော်ထူး မှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ ထံ လှူဒါန်းသည့် ပစ္စည်းများ ပေးအပ်ခဲ့စဉ်(ဆင်ဟွာ)

ကျောင်းဆောင်သစ် ကြီးအား ဆောက်လုပ်ခဲ့သည့် တာဝန်ခံ အင်ဂျင်နီယာ ဦးချစ်ကိုကို က ကျေးဇူးတင်စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ကျောင်းသား/သူ များမှ အဆိုအက များဖြင့် ဖျော်ဖြေတင်ဆက် ခဲ့စဉ်(ဆင်ဟွာ)

ဧည့်သည်တော်များမှ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ခဲ့စဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မစ္စ ဝမ်ရွှဲဟုန် မှ အဖွင့်အမှာစကား ပြောကြား ခဲ့ရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ လှူဒါန်းတည်ဆောက်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းဆောင်သစ် သည် (၁၁) ခုမြောက် ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော နိုင်ငံတစ်နိုင်ငံ၏ အကြီးမားဆုံးသော ဥစ္စာဓန မှာ လူ့စွမ်းအားအရင်းအမြစ် ဖြစ်ကြောင်း ကိုထောက်ခံပြီး ကလေးငယ် တိုင်းသည် မိသားစု၏ မျှော်လင့်ချက် ဖြစ်ကာ နိုင်ငံ အနာဂတ် အတွက်လည်း မျှော်လင့်ချက် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံတွင် ပြုပြင်ပြောင်းလဲရေး နှင့် စီးပွားရေး တည်ဆောက်မှု များဆောင်ရွက်နေသောကြောင့် ပညာရေး ဖွံ့ဖြိုးတိုးတက်လိုပြီး မျိုးစုံသော လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် မြန်မာ နိုင်ငံ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ၂၀၁၅ ခုနှစ် မှ စတင်၍ မြန်မာ နိုင်ငံ အစိုးရ နှင့် ပူးပေါင်းကာ မြန်မာ နိုင်ငံ နေရာအနှံ့အပြားတွင် စာသင်ကျောင်းဆောင်သစ်များ တည်ဆောက်ပေးခဲ့ပြီး ယခုနှစ် မကုန်မှီ ကျောင်းဆောင်သစ်ပေါင်း ၂၀ ပြီးစီး အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ တွင် ကျောင်းဆောင်သစ် တည်ဆောက်ရာ ကျပ် သိန်း ၃၀၀၀ ကုန်ကျခဲ့ပြီး ကလေးငယ်များ ကျောင်းဖွင့်ချိန် မတိုင်မီ ပြီးစီးအောင် တည်ဆောက် နိုင်ခဲ့ကြောင်း ၊ ထို့ပြင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အနေဖြင့် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” ကို တည်ထောင်ထားခဲ့ပြီး ထူးချွန်ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို တရုတ် နိုင်ငံ တွင် ဆက်လက်ပညာ သင်ကြားနိုင်ရန် ဆောင်ရွက်ပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဒေါ်ခင်မာဆွေ က ကျေးဇူးတင် စကားပြောကြားရာတွင် ယနေ့သည် လှိုင်သာယာ မြို့နယ်၏ ပညာ သင်ကြားမှု ကို အထောက်အကူ ပြုနိုင်သော (ပေ ၂၀၀ x ပေ ၃၀) ရှိသည့် (၂)ထပ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းပြီးသည့် အတွက် မင်္ဂလာ ရှိသော နေ့ရက်တစ်ရက် ဖြစ်ကြောင်း ၊ လှိုင်သာယာ မြို့နယ် သည် ရန်ကုန်တိုင်း အတွင်းရှိ ကျောင်းတက်နိုင်သည့် ကျောင်းသား အများဆုံးရှိသည့် မြို့နယ် ဖြစ်ပြီး လိုအပ်ချက်များ ရှိနေသောကြောင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ လာရောက်လှူဒါန်း ပေးသည့် အတွက် အထူး ကျေးဇူးတင်ရှိကြောင်း ၊ ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်း နိုင်ခဲ့သည့် အတွက် ကျောင်းသားပေါင်း ၁၅၀၀ ကျော်ကို စာပေသင်ကြား ပေးနိုင်မည် ဖြစ်သောကြောင့် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ လိုအပ်ချက်ရှိသော နေရာများတွင် ကျောင်းဆောင်သစ်များ ဆက်လက် လှူဒါန်း သွားရန် မေတ္တာရပ်ခံကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် ကျောင်းအကျိုးတော်ဆောင် အဖွဲ့မှ ကျောင်းအကျိုးဆောင် ဥက္ကဋ္ဌ ဦးဇော်မင်း မှ ကျေးဇူးတင် စကားပြောကြား ခဲ့ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် မှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေ ထံ လှူဒါန်းငွေ ကျပ် သိန်း(၁၀၀) နှင့် စာရေး ကိရိယာ များကို ပေးအပ် လှူဒါန်း ခဲ့သည်။ Alliance International Company မှ အထွေထွေ မန်နေဂျာ ဦးအောင်ဇော်ထူး မှလည်း ကျောင်းအုပ်ဆရာကြီးထံ လှူဒါန်းသည့် ပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ကျောင်းဆောင်သစ် ကြီးအား ဆောက်လုပ်ခဲ့သည့် တာဝန်ခံ အင်ဂျင်နီယာ ဦးချစ်ကိုကို က ကျေးဇူးတင်စကား ပြောကြားရာတွင် ကျောင်းဆောင်သစ်တွင် စာသင်ခန်းပေါင်း ၁၂ ခန်းပါရှိပြီး ကျောင်း သား/သူ များ အဆင်ပြေစေရန် နှင့် ရေရရှိရေး တို့အတွက် ဘက်စုံ ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ၊ ကျောင်းသား/သူ များ ပညာသင်နှစ် မစတင်မီ ပြီးစီးအောင် တည်ဆောက်နိုင်ခဲ့သည့် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

နောက်ဆုံး တွင် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း(ထ-ခွဲ) အ.လ.က (၉) လှိုင်သာယာ မှ ကျောင်းသား/သူ များမှ အဆိုအက များဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြပြီး ဧည့်သည်တော် များမှ စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.