Connect with us

Local

SME များ အဆင်ပြေရန် မြန်မာကုမ္ပဏီများ အက်ဥပဒေသစ်ကို ထုတ်ပြန်မည်ဟု ဒုသမ္မတ ပြော

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်အား နိုင်ငံတော် ဒုတိယ သမ္မတ ဦးမြင့်ဆွေက မင်္ဂလာမောင်းတီးပြီး ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အဆင်ပြေစေရန် ရည်ရွယ်လျက် မြန်မာကုမ္ပဏီများ အက်ဥပဒေ အသစ်ကို ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်သွားမည်ဟု နိုင်ငံတော်ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက နေပြည်တော် MICC II တွင် ဇွန်လ ၆ ရက်နှင့် ၇ ရက် နှစ်ရက်တိုင် ပြုလုပ်သော မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ဖွင့်ပွဲ အခမ်းအနား၌ ပြောကြား ခဲ့သည်။

“စီးပွားရေး လုပ်ငန်းရှင်များရဲ့ ကုမ္ပဏီ မှတ်ပုံတင်ခြင်းနဲ့ သက်ဆိုင်တဲ့ တည်ဆဲ မြန်မာ ကုမ္ပဏီများ အက်ဥပဒေဟာ နှစ် တစ်ရာကျော် သက်တမ်း ရှိနေပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့ လျော်ညီမှု ရှိစေရန် နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိစေရန် အပြင် အသေးစားနဲ့ အလတ်စား ကုမ္ပဏီများ တွေ့ကြုံရနိုင်မယ့် အခက်အခဲတွေကို လျော့ကျစေရန် ရည်ရွယ်ပြီးတော့ အာရှဖွံ့ဖြိုးရေးဏ်ရဲ့ အကူအညီနဲ့ပြင်ဆင်ကာ ဥပဒေသစ်ကို ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန် နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် MIDA ဥက္ကဋ္ဌ ဦးခင်မောင်အေး အဖွင့်မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တွင် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် သို့ တက်ရောက်လာသူများကို တွေ့ရစဉ် (ဆင်ဟွာ)

အာရှဒေသ၏ Last Frontier ဟု ပြော၍ရသည့် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသည့် အားသာချက်များနှင့်အတူ နိုင်ငံတကာ စံနှုန်းများနှင့် အညီ ခိုင်မာမှု ရှိသည့် စီးပွားရေး မူဝါဒ၊ ဥပဒေ၊ စည်းမျဉ်းများ ပြဌာန်းပေးခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းဆုံးသော အထောက်အပံ့ ဖြစ်စေနိုင်သည့် စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းဖြစ်သည်ဟု ယုံကြည် ယူဆမိပါကြောင်း၊ ထိုသို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် ဖန်တီးပေးရာတွင် နိုင်ငံ၏ အဓိက အားနည်းချက်တစ်ရပ်အဖြစ် ကြုံတွေ့နေရသည်မှာ အခြေခံ အဆောက်အအုံ လိုအပ်ချက်ပင် ဖြစ်ကြောင်းလည်း ဒုတိယ သမ္မတက ပြောခဲ့သည်။

နိုင်ငံအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပတ်သက်ပြီး ဒုတိယ သမ္မတက “နိုင်ငံ တကာ အဖွဲ့အစည်း တချို့ရဲ့ ကြိုတင် ခန့်မှန်းချက်ကတော့ ၂၀၃၀ ခုနှစ်အထိ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက အမေရိကန်ဒေါ်လာ ၆၅၀ ဘီလျံ ဖြစ်ပြီး အခြေခံ အဆောက် အအုံအတွက် လိုအပ်တဲ့ ပမာဏက ကန်ဒေါ်လာ ၃၂၀ ဘီလျံ ဖြစ်ပါတယ်၊ ဒီပမာဏတွေ ပြည့်မီအောင် ပုဂ္ဂလိက ကဏ္ဍကို ဖိတ်ခေါ်ပြီး အစိုးရနဲ့ ပုဂ္ဂလိက အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အမြတ်အစွန်းအတွက် မဟုတ်သော အဖွဲ့အစည်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့ Myanmar Investment Forum ကို သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် အနီးကပ် ပူးတွဲ စီစဉ် ကျင်းပပေးသည့် Myanmar Investment Developing Association ၏ ဥက္ကဌဋ္ဌဦးခင်မောင်အေးက “ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အလားအလာ ကောင်းများ ပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်ပါတယ်၊ ဒီအလားအလာကောင်းတွေ အမှန်တကယ် ဖြစ်မြောက်ဖို့ကျတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ကိုယ် ရင်းနှီးမြှုပ်နှံမယ့် ပတ်ဝန်းကျင်အကြောင်း သတင်းအချက်အလက် မှန်မှန်ကန်ကန် ရရှိဖို့လိုပါတယ်၊ ရင်းနှီးမြှုပ်နှံမှု တရားဥပဒေ ပြုရေး လုပ်ထုံး လုပ်နည်းများနဲ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး စကားဝိုင်း တိုးတက်စေရန် အားထုတ်နေမှုများ၊ တရား ဥပဒေ စိုးမိုးရေးအတွက် တရား စီရင်ရေး ပြုပြင် ပြောင်းလဲမှုများကို အကောင်အထည်ဖော်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် များစွာ တိုးတက်လာကြောင်း အလေးအနက် ပြောကြားလိုပါတယ်” ဟု အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ပြောခဲ့သည်။

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းနှင့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးတို့က မိန့်ခွန်းများ အသီးသီး ပြောခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.