Connect with us

Education & Health

နိုင်ငံတော် သမ္မတ နှင့် ဇနီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေအား ကြည့်ရှု အားပေး

နိုင်ငံတော် သမ္မတ နှင့် ဇနီး NLD နာယက ဦးတင်ဦးအား ကြည့်ရှုအားပေးနေစဉ်(ဓာတ်ပုံ- Myanmar President Office)

ရန်ကုန် ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့် ဇနီး ဒေါ်စုစုလွင်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံး အထူး ကြပ်မတ် ကုသဆောင်၌ ဆေးဝါးကုသမှု ခံယူ နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေကို ယနေ့ဇွန် ၆ ရက်တွင် သွားရောက်ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြော ပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါ ခံစားရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ဆေးဝါးကုသနေခြင်းဖြစ်ပြီး လက်ရှိကာလတွင် အပျော့စားအစားအစာ များကို သုံးဆောင်နိုင်သည့်အပြင် ၁၅ မိနစ်ခန့် မတ်တပ်ရပ်လာ နိုင်သည်အထိ ကျန်းမာ ရေးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ နှင့် ဇနီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြော ရောဂါ ကုသ ဌာန တွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင် ပြည်သူများကို တွေ့ဆုံ အားပေးနေစဉ်(ဓာတ်ပုံ- Myanmar President Office)

ပုံမှန်အတိုင်းပြောဆိုလှုပ်ရှားနိုင်ရေးအတွက်အချိန်အတိုင်းအတာတစ်ခုထိ လေ့ကျင့်ခန်း များကို ဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်ပြီး ဆေးရုံမှဆင်းနိုင်ရန် ဆရာဝန်ကြီး များနှင့်အဖွဲ့က ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးနှင့် သွေးကြော ရောဂါ ကုသ ဌာန တွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင်ပြည်သူ များကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.