အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း Multan ခရိုင် တွင် စက်တင်ဘာလ ၁၅ရက် နံနက်ပိုင်းက ခရီးသည်တင်ရထားတစ်စီး နှင့် ကုန်တင်ရထားတစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူခြောက်ဦးသေဆုံးပြီး လူ ၁၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူများကပြောကြားခဲ့သည်။
ဝါရှင်တန် ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ) ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံသူမရှိသဖြင့် လက်ရှိဥက္ကဋ္ဌ Jim Yong Kim သည် ဒုတိယသက်တမ်းကို ဆက်လက် တာဝန်ယူ ထမ်ဆောင်ခွင့် ရသွားပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ဖော်ကြေညာလိုက်သည်။
ဂျကာတာ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းနှင့် Lombok ကျွန်းများအနီးရှိ ပင်လယ်ဆိပ်ကမ်းများ ချိတ်ဆက်ထားသည့် အမြန်သင်္ဘော (Fast boat) တစ်စီး စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပေါက်ကွဲခဲ့ရာ သင်္ဘောပေါ်တွင် ပါသွားသူ တစ်ဦး သေဆုံးခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက...
ကိတ်တောင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) Huawei P9 Lite စမတ်ဖုန်း တစ်လုံးကြောင့် တောင်အာဖရိကနိုင်ငံသားတစ်ဦးသည် ၎င်းအား ဓါးပြများမှ ပစ်ခတ်လိုက်သော ကျည်ဆံထိမှန်မည့်ဘေးမှ ကင်းလွတ်ကာ အသက်ချမ်းသာရာရခဲ့ကြောင်း သိရသည်။
အစ္စလမ်မာဘတ် ၊ စက်တင်ဘာလ ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၌ စက်တင်ဘာလ ၁၃ ရက် မှ ၁၅ ရက်အထိ ကျင်းပခဲ့သော အစ်ပွဲတော်တွင် ယစ်ပူဇော်ရန်အတွက် တိရစ္ဆာန်များဝယ်ယူရန် အသုံးပြုခဲ့သော ငွေကြေးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိကြောင်း သိရသည်။