Connect with us

Science & Technology

ဘဝနေထိုင်မှုပုံစံတစ်ခု ဖြစ်လာတဲ့ တရုတ်နိုင်ငံ က WeChat အပလီကေးရှင်း

WeChat အပလီကေးရှင်း အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းမြို့ ရဲ့ မြေအောက်ရထားစီးသူ ခရီးသည်အများစုဟာ တိတ်ဆိတ်စွာနဲ့ ၎င်းတို့ရဲ့ မိုဘိုင်းဖုန်းမျက်နှာပြင်ကို စိုက်ကြည့်ကာ စာတိုပို့ခြင်း၊ အမှတ်တရဖြစ်ရပ်တွေ မျှဝေခြင်း၊ ဗွီဒီယိုကြည့်ခြင်း နဲ့ အွန်လိုင်းဂိမ်း ကစားနေတဲ့ မြင်ကွင်းဟာ မြေအောက်ရထားအတွင်း နေ့စဉ်မြင်တွေ့နေရတဲ့ သာမန်ရိုးကျမြင်ကွင်းတစ်ခု ဖြစ်ပါတယ်။

၎င်းတို့ဟာ တရုတ်နိုင်ငံမှာ လူသိများထင်ရှားတဲ့ လူမှုအပလီကေးရှင်း WeChat ကို အသုံးပြုနေခြင်းပင် ဖြစ်ပါတယ်။ မကြာသေးတဲ့ နှစ်တွေက ရေးဆွဲဖန်တီးခဲ့တဲ့ WeChat အပလီကေးရှင်းဟာ အထူးရေပန်းစားလာပြီး လူမှုဆက်သွယ်ရေးအတွက် သာမက အွန်လိုင်းဈေးဝယ်ခြင်း၊ သာမန်ဈေးဝယ်ခြင်း၊ အများပြည်သူသုံး စက်ဘီးများ ငှားရမ်းခြင်း နဲ့ တက္ကစီငှားခြင်းတို့အတွက် ငွေပေးချေခြင်းတို့ကိုပင် ဆောင်ရွက်လာနိုင်ပြီဖြစ်ပါတယ်။

တကယ်တော့ WeChat အပလီကေးရှင်းကို အသုံးပြုပြီး ခရက်ဒစ်ကတ် အပါအဝင် ငွေသား နဲ့ ပေးချေရတဲ့ ငွေပေးချေမှု တော်တော်များများကို ပြုလုပ်နိုင်နေပြီဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ရှိ ဆေးကျောင်းသား ကျားဟဲချန်က “Wechat ဟာ တရုတ်လူမျိုးတွေအတွက် ဘဝနေထိုင်မှု ပုံစံတစ်ခုဖြစ်လာပါတယ်။ အစမှာတော့ စာတိုပို့ဖို့ နဲ့ ဘဝရဲ့အမှတ်တရဖြစ်ရပ်တွေ မျှဝေဖို့လောက်ပဲ အသုံးပြုခဲ့ပေမယ့် အခုဆိုရင် Wechat ကပဲ ငွေပေးချေတာတွေပြုလုပ်ပြီး ဆိုင်သေးသေးလေးတွေမှာတောင် ငွေသားနဲ့ မပေးချေတော့ပါဘူး” ဟုပြောကြားခဲ့ပါတယ်။

၎င်းက “WeChat မရှိဘဲ နေ့စဉ်ဘဝ ပိုမိုအဆင်ပြေချောမွေ့လာဖို့ မဖြစ်နိုင်ပါဘူး” ဟု ဆင်ဟွာသို့ပြောကြားခဲ့ပါတယ်။

ယင်းလူငယ်လေးဟာ လူဦးရေ ၁.၃ ဘီလီယံ ရှိတဲ့ တရုတ်နိုင်ငံ ရဲ့ WeChat အသုံးပြုသူ သန်းရာပေါင်းများစွာ ထဲက တစ်ယောက်မျှသာဖြစ်ပါတယ်။ WeChat အပလီကေးရှင်း ဟာ အခမဲ့ အပလီကေးရှင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ရဲ့ Tencent ကုမ္ပဏီကရေးဆွဲဖန်တီးခဲ့ကာ ၂၀၁၁ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။ ၂၀၁၆ခုနှစ် အချက်အလက်များအရ WeChat ဟာ လစဉ် အသုံးပြုသူ ၈၈၉သန်း ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပေကျင်းမြို့ ချောင်းရန် ခရိုင် ရဲ့ လူထူထပ်တဲ့လမ်းမတစ်ခုမှာ ရပ်နားထားတဲ့ အများပြည်သူသုံး စက်ဘီးများစွာ ထဲက တစ်စီးကို သော့ဖြုတ်ပြီး ငှားရမ်းဖို့အတွက် အသက် ၂၀ကျော် ကောလိပ်ကျောင်းသူ လျိုကျွမ်းနမ် ဟာ သူမရဲ့ မိုဘိုင်းဖုန်း မှာပါတဲ့ WeChat စကင်နာနဲ့ စက်ဘီးမှာ ပါတဲ့ QR ကုတ်ကို စကင်ဖတ်ပြီး ငှားရမ်းခပေးချေနေပါတယ်။

လျိုက “WeChat ဟာ ပိုပိုပြီး လူသိများလာပါတယ်။ ၎င်းကို ငွေပေးချေတဲ့စနစ်တစ်ခုအဖြစ် အသုံးပြုနိုင်တဲ့အတွက် အချိန်တွေအများကြီးသက်သာသွားပါတယ်။ မိုဘိုင်းဖုန်းတွေဟာ လူတွေရဲ့နေ့စဉ် ဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်လာပြီး ယနေ့ခေတ်မှာ လူတွေဟာ မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံမှုတွေထက် အီလက်ထရောနစ်ပစ္စည်းတွေက တစ်ဆင့် ပိုမို ဆက်သွယ်လာကြပါတယ်။ ကျွန်မ သာမက ကျွန်မမိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေလည်း WeChat အပလီကေးရှင်းကို အသုံးပြုကြပါတယ်” ဟုပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ မယ်ရီလန်း တက္ကသိုလ် ကနေ ပေကျင်းမြို့ မှာ တရုတ်ဘာသာစကား လာရောက် သင်ယူနေတဲ့ အသက် ၁၉ နှစ်အရွယ် ဂရေ့စ် ဂစ်ဘ်ဘန်းလို တရုတ်နိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားတွေအတွက် ၎င်းတို့ရဲ့ နေအိမ်က မိသားစု၊ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရာမှာ WeChat အပလီကေးရှင်း ဟာ အလွန်အသုံးဝင်ပါတယ်။

ဂရေ့စ် က “WeChat ဟာ တရုတ်နိုင်ငံ မှာနေတဲ့ နိုင်ငံခြားသားတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ တရုတ်နိုင်ငံရဲ့ဘယ်နေရာက ဘယ်သူနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံကြရင် ပထမဆုံးမေးခွန်းက “WeChat သုံးသလား” ဆိုတာပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ facebook, twitter နဲ့ messenger အပလီကေးရှင်းတွေကို အသုံးပြုခဲ့ပေမယ့် WeChat က ပိုပြီး ပြည့်စုံတယ်ဆိုတာကို တွေ့ရပါတယ်ဟု” ပြောခဲ့ပါတယ်။

စီးပွားရေးကုမ္ပဏီတစ်ခု က ဝန်ထမ်းတစ်ဦးဖြစ်တဲ့ အသက် ၃၁နှစ်အရွယ် အန်းဝမ် က “WeChat ကိုသုံးပြီး နိုင်ငံခြားက သူငယ်ချင်းတွေ စကားပြောလို့ရတဲ့အပြင် အလုပ်မှာလည်း သူဋ္ဌေးတွေနဲ့ ပြောဆိုဆက်ဆံရာမှာ WeChat က အကူအညီပေးပါတယ်” ဟု ပြောပါတယ်။

၎င်း က “WeChat ကို အလုပ်မှာ အသုံးပြုနိုင်တဲ့အပြင် နေ့စဉ်ဘဝမှာလည်း အသုံးပြုကြပါတယ်။ စီးပွားရေးမိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူဋ္ဌေးတွေ အပြင် မိသားစု၊ သူငယ်ချင်းတွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ WeChat က အဆင်ပြေချောမွေ့စေပါတယ်။ WeChat ကနေ အသံမက်ဆေ့ချ်တွေ၊ ဗွီဒီယိုဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်တဲ့အတွက် ရိုးရိုးဖုန်းခေါ်ဆိုမှုတွေတောင် မလုပ်တော့ပါဘူး။ အမေရိကန် နဲ့ ကနေဒါမှာ ရှိတဲ့ ကျွန်မ သူငယ်ချင်းနှစ်ယောက် နဲ့လည်း WeChat ကနေပဲ ဆက်သွယ်ပြောဆိုကြပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ထို့အပြင် WeChat ဟာ လူငယ်တွေအတွက် တရုတ်နိုင်ငံ ရဲ့ အချက်အလက် နဲ့ သတင်းတွေ စုစည်းရာ သတင်းရင်းမြစ် တစ်ခု ဖြစ်လာနိုင်တယ်လို့ ပညာရှင်များက ပြောကြားခဲ့ပါတယ်။

“WeChat ဟာ လူတွေ သတင်းကို မြန်မြန်သိရှိဖို့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့် ဘယ်ဟာက အမှန်၊ ဘယ်ဟာ က အမှားဆိုတာကိုတော့ ခွဲခြားနိုင်ရပါမယ်။ WeChat ဟာ တရုတ်နိုင်ငံသားတွေအတွက် လုံလောက်ပြည့်စုံပြီး အနောက်တိုင်းအခြေပြု အခြား လူမှုကွန်ရက်တွေကို ထပ်မံ အသုံးပြုစရာမလိုဘူးလို့လဲ ကျွန်တော်ယုံကြည်ပါတယ်” ဟု အန်ဟွေ နေ့စဉ်သတင်းဋ္ဌာန တွင်လုပ်ကိုင်နေတဲ့ သတင်းထောက် ဟူအောင်း နာနာ ကပြောပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.