တိုကျို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) စာအုပ်ဆိုင်များကဲ့သို့ခင်းကျင်းထားသည့် အပြင်အဆင်ဖြင့် တည်းခိုနေထိုင်နိုင်မည့် ဟိုတယ် တမျိုး ဂျပန်နိုင်ငံတွင်ထွက်ပေါ်ခဲ့သည်။ စာအုပ်များဖြင့် မွမ်းမံပြင်ဆင်ထားသည့် အဆောက်အဦးတွင် တည်းခိုနေထိုင်ရန်အိပ်ရာအခန်းပေါင်း ၃ဝ ခန့်ကို ကို စာအုပ်စင်များနှင့်ကပ်လျက် တွင် ဖန်တီးပေးထားသည်။ ဟိုတယ်တွင်စာအုပ်ပေါင်း ၅ဝဝဝ ခန့်ထားနိုင်အောင်စီစဉ်ထားရှိသော်လည်း လက်ရှိတွင် စာအုပ်ပေါင်း...
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်းအစရှိသည့်ရေနှင့် ဆက်နွယ် နေသော သဘာဝဘေး အန္တရာယ်များကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ပုံမှန်ကြုံတွေ့ခံ စားရလျက်ရှိကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ချုံချင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်သည့် Fortune Global ၅၀၀ စာရင်းတွင် တရုတ် စီးပွားရေးလုပ်ငန်းများက ၁၁၅ နေရာ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးအနီး နေပြည်တော် မြို့ပတ်လမ်းဘေးတွင် နိုင်ငံဝန်ထမ်းအိမ်ရာ စတင်တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လူနေအိမ်များကို ရေများဝင်ရောက်သဖြင့် လူ သုံးထောင်ကျော် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။